Hello to all gamers
I have been playing Rising Star Game for 27 days.
I focus on doing missions multiple times every day. On some busy days, the mission frequency is less. Most of the missions are set to run continuously. When I started playing, there was a short wait due to the lack of pizza. Once I got a little understanding of the concept of the game, I bought more cards. As a result, growth was slow in the beginning, but has since accelerated. The goal is to get one level a day.
I could not go to the level yesterday. I needed a few points. You will be able to fill in the required points this morning.
When you focus on collecting Starbits, you stop doing music lessons. Then EGO% increased.
For today, we will focus on music lessons to reduce Ego% to 0%. If you spend a day on music lessons, you will be able to solve the increase in EGO%.
I am currently at Level 42. i can upgrade to Level 43 today.
Total Missions 722 completed.
He has a total of 55 cards.
It is not too far to reach level 50.
May all gamers enjoy good results.
Ego% လျှော့ချဖို့ လိုအပ်နေပါပြီ (Day 27: Playing Rising Star Game)
ဂိမ်းကစားသူ မိတ်ဆွေများ အားလုံး မင်္ဂလာပါ
ကျွန်တော် Rising Star Game ကို ကစားလာတာ ၂၇ ရက်ရှိပါပြီ။
နေ့စဉ်နေ့တိုင်း မစ်ရှင်တွေကို အကြိမ်ရေများစွာ လုပ်ဆောင်နိုင်အောင် အာရုံစိုက်ပါတယ်။ အလုပ်များသော အချို့ နေ့ရက်တွေမှာတော့ မစ်ရှင် အကြိမ်ရေ ပြီးမြောက်မှု နည်းပါတယ်။ အများအားဖြင့်တော့ မစ်ရှင်တွေကို ဆက်တိုက် လုပ်ဆောင်နိုင်အောင် ပြင်ဆင်ထားပါတယ်။ စတင် ကစားတုန်းကတော့ ပီဇာ မလုံလောက်မှုကြောင့် အချိန်စောင့်ဆိုင်းရမှုတွေရှိခဲ့တယ်။ ဂိမ်းရဲ့ သဘောကို အနည်းငယ်နားလည်လာတဲ့အခါ လိုအပ်သော ကါဒ်တွေကို ဝယ်ယူ အားဖြည့်ခဲ့တယ်။ ဒါကြောင့် အစပိုင်း ကာလမှာ တိုးတက်မှုနှေးကွေးခဲ့သော်လည်း အခုနောက်ပိုင်း တိုး်တက်မှုအရှိန်ပိုမိုကောင်းမွန်လာပါတယ်။ တစ်ရက်ကို လေဗယ် တစ်ခု တက်နိုင်အောင် ရည်မှန်း လုပ်ဆောင်ဖြစ်ပါတယ်။
မနေ့ကတော့ လေဗယ် မတက်နိုင်ခဲ့ပါဘူး ။ ပွိုင့်အနည်းငယ်လိုအပ်ခဲ့ပါတယ်။ ဒီမနက်ပိုင်းမှာ လိုအပ်သော ပွိုင့်တွေကို ဖြည့်နိုင်မှာပါ။
Starbits စုဆောင်းရန်အတွက် အာရုံစိုက်တဲ့အခါ Music lessons တွေကို မလုပ်ဖြစ်တော့ပါဘူး။ ထိုအခါ EGO % တွေ တိုးလာပါတယ်။
ဒီနေ့အတွက်တော့ Ego% ကိို 0% အထိ လျှော့ချနိုင်ဖို့အတွက် Music lessons တွေကို ဉီးစားပေးလုပ်ဆောင်မှာဖြစ်ပါတယ်။ Music lessons တွေအတွက် တစ်ရက်လောက် အချိန်ပေး လုပ်ဆောင်မယ်ဆိုရင် EGO % တွေ တိုးလာတာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။
အခုလက်ရှိအချိန်မှာ ကျွန်တောက Level 42 မှာရောက်နေပါတယ်။ Level 43 ကို ဒီနေ့ ကူးပြောင်းနိုင်မှာဖြစ်ပါတယ်။
စုစုပေါင်း မစ်ရှင် Total Missions 722 ကြိမ်ပြီးမြောက်ခဲ့ပါပြီ။
စုစုပေါင်းကါဒ် ၅၅ ခုပိုင်ဆိုင်ထားပါတယ်။
Level ၅၀ ပြည့်မှီရန် သိပ်မဝေးတော့ပါဘူး။
ဂိမ်းကစားသူ မိတ်ဆွေများအားလုံး ကောင်းမွန်သော ရလာဒ်များ ရရှိနိုင်ကြပါစေ ။