Hello to all gamers!
Daily Quest matches are played daily.
Isn't it really interesting to expect what the rewards will be today?
The expectation that you will get something, whether it is cheap or expensive, is motivating.
It can provide a good support for survival for a day.
It's a lot of fun to play with expectations.
In today's splinterlands game i have to play with sneak quest.
The days of playing with sneak quests are very difficult for me. Attacks are very frequent. There are too many failures. There is a lot of playing time.
But I try to play. I played until I won five games. Only by winning five matches will you be able to open the daily prize.
In the sneak quest, I used the same cards as usual.
Earth Summoner LYANNA NATURA was selected
He was followed by UNICORN MUSTANG, STONESPLITTER ORC, GOBLIN SORCERER, GOBLIN THIEF, KHMER PRINCESS, and GOBLIN CHARIOT. This program is used regularly.
There were a total of 22 attacks today. They have lost 17 times. Winning is 5 times.
The result for today is very bad.
After winning five times, I opened the prize today.
All I saw were nine credits. Too little to get. Looking forward to the day you get your card.
We wish all gamers good results.
Today completed quest in splinterlands game (sneak quest)
ဂိမ်းချစ်သူ ကစားသမား အားလုံး မင်္လာပါ
Daily Quest ပွဲစဉ်တွေကိုတော့ နေ့တိုင်း ဖွင့်နိုင်အောင် ကစားပါတယ်။
ဒီနေ့မှာ ဘယ်လို ဆုလာဒ်တွေ ရလာမည်လဲလို့ မျှော်လင့်ရတာက တကယ့်ကို စိတ်ဝင်စားစရာကောင်းတယ်မဟုတ်လား။
တန်ဖိုးနည်းသည်ဖြစ်စေ များသည်ဖြစ်စေ တစ်ခုခုရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်က တွန်းအားဖြစ်စေပါတယ်။
တစ်နေ့တာအတွက် ရှင်သန်ခြင်းကို အထောက်အပံ့ကောင်းတွေ ပေးနိုင်စွမ်းတယ်။
မျှော်လင့်ခြင်းတွေနဲ့ ကစားရတာကြောင့် အလွန်ကို ပျော်စရာကောင်းပါတယ်။
splinterlands game မှာ ဒီနေ့အတွက် sneak quest နဲ့ ကစားရပါတယ်။
sneak quest နဲ့ ကစားရသော နေ့တွေက ကျွန်တော့်အတွက် အရမ်းကို ခက်ခဲပါတယ်။ တိုက်ခိုက်ရမှု အကြိမ်ရေ အလွန်များတယ် ။ ရှုံးနိမ့်မှုတွေ များလွန်းပါတယ်။ ကစားသည့် အချိန်လည် အလွန်များပါတယ်။
ဒါပေမယ့် ကျွန်တော် ကြိုးစားပြီး ကစားတယ်။ အနိုင်ငါးပွဲ ရရှိတဲ့အထိ ကစားပါတယ်။ အနိုင်ငါးပွဲ ရရှိမှသာလျှင် နေ့စဉ် ဆုကို ဖွင့်ကြည့်နိုင်မယ်လေ။
sneak quest မှာ ကျွန်တော်သုံးနေကျ ကါဒ်တွေကိုဘဲ အစဉ်အတိုင်းအသုံးပြုခဲ့ပါတယ်။
Earth Summoner LYANNA NATURA ကိုရွေးချယ်ခဲ့ပါတယ်
သူ့နောက်မှာ UNICORN MUSTANG , STONESPLITTER ORC , GOBLIN SORCERER , GOBLIN THIEF , KHMER PRINCESS , GOBLIN CHARIOT တို့ကို အသုံးပြုခဲ့ပါတယ်။ ဒီအစီအစဉ်ကတော့ ပုံမှန်အသုံးပြုပါတယ်။
ဒီနေ့မှာ စုစုပေါင်း တိုက်ခိုက်မှု 22 ကြိမ်လုပ်ဆောင်ခဲ့ရပါတယ်။ ၁၇ ကြိမ် ရှုံးနိမ့်ခဲ့ရပါတယ်။ အနိုင်ရရှိမှုကတော့ ၅ ကြိမ်ပါ။
ဒီနေ့အတွက် ရလာဒ်ကတော့ အလွန်ကို ဆိုးပါတယ်။
အနိုင်ရရှိမှု ငါးကြိမ်ပြီးတဲ့နောက် ဒီနေ့ရရှိတဲ့ ဆုကိုဖွင့်ကြည့်ပါတယ်။
ကျွန်တော် တွေ့မြင်ရတာကတော့ ခရက်ဒစ် ၉ ခုပါဘဲ။ ရရှိမှက နည်းလွန်းပါသည်။ ကါဒ် ရမည့်နေ့ကို မျှော်လင့်နေသည်။
ဂိမ်းချစ်သူ ကစားသမားအားလုံး ကောင်းမွန်တဲ့ ရလာဒ်များ ရရှိ နိုင်ကြပစေလို့ ဆုမွန်ကောင်း တောင်းပါသည်။