Hello.
Today, I will show you some pictures of nature.
People who live in rural areas are engaged in agriculture as well as livestock.
In the area where I live, they foster cow, pork, chicken, goats and sheep.
The pictures shown here are goat herding.
Goats eat grass and leaves.
Therefore, those who raised goats herd the goats in fields where there were grass and leaves. They go to the farms and bushes.
In this area, they go out to the jungle farms to feed the goats twice a day.
Once in the early morning, before the sun gets too hot, they bring it back to the goat farm.
In the evening, when the heat of the sun subsides, they go out again.
Because goats are not very affected by heat and soil pollution, goat breeding is more care than raising pigs and cows.
How do you foster goats?
Burmese Language,
မင်္ဂလာပါ။
ဒီနေ့ တောသဘာဝပုံလေးတွေ ဖော်ပြပါဦးမယ်။
ကျေးလက်ဒေသမှာ နေထိုင်ကြသူတွေဟာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့်အပြင် မွေးမြူရေးလည်း လုပ်ကိုင်ကြပါသည်။
ကျွန်တော် နေထိုင်ရာ ဒေသမှာတော့ နွား၊ ဝက်၊ ကြက်၊ ဆိတ် နှင့် သိုး တို့ကို မွေးမြူကြပါတယ်။
ယခု ဖော်ပြတဲ့ ပုံတွေကတော့ ဆိတ်ကျောင်းခြင်း ပါ။
ဆိတ်တွေသည် မြက် နှင့် သစ်ရွက်များ ကို စားတတ်ကြပါသည်။
သို့ဖြစ်၍ ဆိတ်မွေးမြူထားသူများသည် ဆိတ်များကို မြက် နှင့် သစ်ရွက်များ ရှိရာ ယာကွင်း၊ ခြုံတန်းများ သို့ သွားရောက်ကြစေပါတယ်။
ဤဒေသမှာ တောဘက်သို့ ဆိတ်စာကျွေးခြင်း ကို တစ်ရက်လျှင် နှစ်ကြိမ် ထွက်ကြပါတယ်။
မနက်စောစော တစ်ကြိမ်ကို နေ တအား မပူခင် ဆိတ်ခြံသို့ ပြန်သွင်းပါတယ်။
ညနေ နေအပူ လျော့ချိန်မှာ တစ်ကြိမ် ပြန်ထွက်ပါတယ်။
ဆိတ်များသည် အပူ နှင့် မြေညစ်ညမ်းခြင်း ဒဏ် ကို သိပ်မခံနိုင်သောကြောင့် ဆိတ်မွေးမြူခြင်းသည် အခြားသော နွား၊ ဝက်များ မွေးမြူခြင်း ထက် ပိုမို ဂရုစိုက်ရပါသည်။
သင်တို့ဆီမှာရော ဆိတ်များကို ဘယ်လို မွေးမြူကြပါသလဲ။
ရွှေအနာဂတ်ပိုင်ရှင်