Hello dear friends,
How about your full moon day of Tazaungtai. As for me, it's like a normal day. But I made a good thing for today as the other day.
It was not a special day for the full moon. It's like a normal day. When I wake up in the morning, the first thing I do is run to the nearest market. I have to cook for breakfast. Others go for full moon festival. I did not go anywhere. The country is not at peace due to the military coup. The corona virus is not completely cured and I want to avoid crowds.
Cooking and after I clean the room and take a nap in the afternoon. In the evening I went to the city for a while. Ride a motorcycle on the strand road to buy some bread. So while riding a motorcycle, I saw flowers on the side of the road. When I saw the flower shop, I saw in my eyes that the flowers on the shrine were a little withered.
So I went into the flower shop and looked at some of the flowers. Found Lotus flowers It's the last one left. Although he was a little withered, he decided to make a lotus flower offering to the Buddha because he loved lotus flowers.
I bought some lotus flowers and washed them. Finally, the flower petals were beautified and offered to the Buddha. You can see the photos below. I'm using google translate because of my english writing skill.
Myanmar Language
သူငယ်ချင်းများ အားလုံး မင်္ဂလာပါရှင့်။ လပြည့်နေ့မှာ သူငယ်ချင်းတို့ ဘာတွေလုပ်ဖြစ်ကြလည်း? ညီမအတွက်တော့ အရမ်းမထူးခြားပဲ ပုံမှန်နေ့တစ်ခုလိုပါပ
လပြည့်နေ့မို့ အရမ်းထူးခြားတာမျိုး မလုပ်ဖြစ်ခဲ့ပါဘူး။ ပုံမှန်နေ့ တစ်နေ့လိုပါပဲ။ မနက်စော အိပ်ရာက နိုးလာတဲ့အခါ ပထမဆုံး လုပ်ဖြစ်တာက အနီးဆုံး စျေးတစ်ခုကိုပြေးရတာပါပဲ။ မနက်စာ စားဖို့ ချက်ပြုတ်ပြင်ဆင်ရမယ်လေ။ အခြားသူများကတော့ မနက်ခင်း ဆွမ်းအိုးမျှောသွားကြပါတယ်။ ညီမ ကတော့ ဘယ်မှမသွားဖြစ်ပါဘူး။ နိုင်ငံကလည်း စစ်တပ် ရဲ့ အာဏာ သိမ်းမှုကြောင့် မငြိမ်းချမ်းပါဘူး။ Corona virus ကလည်း လုံး၀ ပျောက်ကင်းနေသေးတာ မဟုတ်တော့ လူစု လူဝေး ကို ရှောင်ရှားချင်တာလည်း ဖြစ်ပါတယ်။
တစ်နေ့တာ ချက်ပြုတ် ၊ အခန်းသန့်ရှင်းရေး လုပ်ပြီး နေ့လယ် မှာ ခဏ အိပ်ဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ မြို့ထဲ ခဏသွားဖြစ်ခဲ့ပါတယ်။ ကမ်းနားလမ်း ဘက် ဆိုင်ကယ် ပတ်မောင်းရင်း မုန့်၀ယ်စားဖို့ဖြစ်ပါတယ်။ ဒီလိုနဲ့ ဆိုင်ကယ် မောင်းရင်း လမ်းဘေး တစ်နေရာမှာ ပန်းတွေ ရောင်းနေတာကို တွေ့မိပါတယ်။ ပန်းဆိုင်ကိုတွေ့တာနဲ့ မျက်စိထဲ မြင်မိတာက ဘုရားစင်က ပန်းတွေ အနည်းငယ် ညှိုးနေပြီဆိုတာပါပဲ။ ဒါနဲ့ ပန်းဆိုင်ထဲ၀င်ပြီး ပန်းအချို့ကို လိုက်ကြည့်မိပါတယ်။ တွေ့ပါပြီ။ ကြာပန်းလေးတွေ။ နောက်ဆုံးလက်ကျန် တစ်စည်းထဲကျန်တာပါ။ အနည်းငယ် နွမ်းနေပြီ ဖြစ်ပေမယ့် ကြာပန်းကြိုက်နှစ်သက်သူမို့ ဘုရားမှာ ကြာပန်း ကပ်လှူ ပူဇော်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။
ကြာပန်း အချို့ကို ၀ယ်ယူခဲ့ပြီး သန့်ရှင်းဆေးကြောခဲ့ပါတယ်။ ပြီးတဲ့အခါ အပွင့်ဖတ် တွေကို လှပ ညီညာအောင်ပြုပြင်ပြီး ဘုရားမှာ ကပ်လှူ ပူဇော်ဖြစ်ခဲ့ပါတယ်။ ဓာတ်ပုံများကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်ရှင့်။ ညီမရဲ့ အင်္ဂလိပ်စာ အရေးအသား အားနည်းမှုကြောင့် translate အသုံးပြုထားပါတယ်ရှင့်။
ကျေးဇူးတင်ရှိပါသည်။
အေးမြတ်မွန်