Hello everyone. I wish you good health and happiness. Today I visited a pagoda under construction. The name of the pagoda is Nagamauk Pagoda. It is located on Mt. Nagawitha in Moulmein, Mon State. It has been around for a long time. I used to visit it often and I am here again today.
အားလုံးပဲ မင်္ဂလာပါရှင့် ။ ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပါစေ လို့ ဆုတောင်းမေတ္တာ ပို့ပါတယ်ရှင့်။ ဒီနေ့မှာတော့ ပြုပြင်နေဆဲ ဘုရားစေတီ တစ်ဆူကို သွားရောက်ဖြစ်ခဲ့ပါတယ်။ စေတီရဲ့ နာမည်က နဂါးမောက် စေတီလို့ ခေါ်ပါတယ်ရှင့်။ မွန်ပြည်နယ် မော်လမြိုင်မြို့ နာဂဝီသ တောင်ပေါ်မှာတည် ရှိပါတယ်။ တည်ရှိတာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ယခင်ကလည်း မကြာခဏ သွားရောက်ဖူးမျှော်လေ့ ရှိပြီး ယနေ့ ထပ်မံရောက်ရှိခဲ့ပါတယ်။
The pagoda has undergone major renovations for the past four months. New lime robes and gold robes were donated to the existing pagoda. Expansion of the pagoda square; Renovation and relocation of the temples around the pagoda. Renovations are underway. It has been a regular visit since the beginning of the renovation. Feeding repair workers; Cleaning wipes. As of today, the pagoda is almost complete. The offering of gold robes and statues is also quite in place and completed.
လွန်ခဲ့သော ၄ လခန့်က စပြီး စေတီတော်အား အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါသည်။ ယခင်က တည်ရှိခဲ့သော စေတီတော် အား ထုံးသင်္ကန် ရွှေသင်္ကန်း အသစ်များ ကပ်လှုုခြင်းဖြစ်ပါသည်။ စေတီတော်၏ ရင်ပြင်အား ချဲ့ထွင်ခြင်း၊ ပြင်ဆင်ခြင်းနှင့် စေတီ၀န်းကျင်ရှိ နတ်နန်းများအားဘနေရာရွှေ့ခြင်း၊ ပြုပြင်တိုးချဲ့ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ စတင်ပြုပြင်မှု လုပ်ခဲ့စဥ်ကတိုင် ယခုထိ ပုံမှန်သွားရောက်ဖြစ်ခဲ့ပါသည်။ ပြုပြင်မှု လုပ်ဆောင်သော လုပ်သား များအား ကျွေးမွေးခြင်း၊ သန့်ရှင်းရေး ဝေယျာ၀စ္စ ပြုလုပ်ခြင်းများဖြစ်ပါသည်။ ယနေ့ ရောက်ရှိသော အခါ စေတီတော်မှာ အတော်ပင် ပြီးစီးလုနီးပါးဖြစ်နေပါပြီ။ ရွှေသင်္ကန်း ကပ်လှူ ထားခြင်းနှင့် ရုပ်ပွားတော်များမှာလည်း အတော် နေရာတကျဖြစ်ပြီး ပြီးစီးနေပါသည်။
There is only one pagoda umbrella left. As the name implies, there are many dragon statues around the pagoda. There are many dragon statues and dragon statues. Many pagodas are believed to visit this pagoda. It is learned that the unveiling ceremony will be held soon. There are many famous and powerful pagodas in Mon State, including Nagamauk Pagoda. It is also a frequently visited pagoda.
စေတီတော်၏ ထီးတော်တင်ရန် တစ်ခုသာ ကျန်ရှိပါသည်။ နဂါးမောက် စေတီတော် ဆိုသည့် နာမည်အတိုင်းပင် စေတီဝန်းကျင်တွင် နဂါးရုပ်ထု များစွာကိုတွေ့မြင်ရပါသည်။ နဂါးရုံဘုရားများနှင့် နဂါးရုပ်ထုများစွာကိုတွေ့မြင်ရပါသည်။ ဤစေတီသို့ နတ်နဂါး ယုံကြည်သူ အများအပြားလာရောက်လေ့ရှိပါသည်။ ထီးတော်တင်ပွဲအား မကြာခင် ကျင်းပမည်ဟုလည်း သိရှိရပါသည်။ မွန်ပြည်နယ်တွင် နာမည်ကြီး တန်ခိုးကြီးဘုရားများစွာရှိပြီး ထိုအထဲတွင် နဂါးမောက်စေတီသည်လည်း အပါအဝင်ဖြစ်ပါသည်။ ထိုစေတီသည် မိမိ မကြာခဏ ဆိုသလို သွားရောက်လေ့ရှိသော စေတီတစ်ဆူလည်းဖြစ်ပါသည်။
Here are some photos of the pagoda I visited frequently and undergoing major renovations. Hive Platforms are re-shared for acquaintances.
ဤသည်မှာ မိမိ မကြာခဏ သွားရောက်ဖြစ်ခဲ့ပြီး အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေသော ဘုရားစေတီ၏ ဓာတ်ပုံများဖြစ်ပါသည်။ Hive Platform များ အသိမိတ်ဆွေများ ဖူးမျှော်ကြည်ညိုနိုင်ရန် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။
Thank you to visiting my blog
Have a good day