Hello friends.
Let me share a new menu today.
I'll call this dish Fried Flaky Sweet Eel .
The ingredients in the Fried Eel are as follows:
Eel,
Onion,
Garlic,
Ginger,
Turmeric powder,
Peanut oil
In this recipe, the eels are first boiled in water.
When the water boils, the eels are placed in a sifter for a while.
The eels are then sliced into different bones and flesh.
Then, Ginger, onion, Garlic and turmeric powder are fried in peanut oil.
Then, I fry the eel meat in a frying pan with ginger, garlic, onion and turmeric powder.
Then, I have a delicious fried flaky sweet eel.
So, if you can get some fresh eel, why not try some eel dessert like me?
I fry eel for kids to eat.
If you are an adult, I think it would be better to fry eel with chili.
What is your opinion on my cooking?
Thank you for everything.
Tin Aung Soe
[Burmese]
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့ ဟင်းလျာ menu အသစ်လေး မျှဝေပေးပါရစေ။
ဒီဟင်းလျာ ကို ငါးရှဉ့်အမွအချိုကြော် ဟု အမည်ပေးလိုက်ပါမယ်။
ငါးရှဉ့်အမွအချိုကြော် ထဲမှာ ပါဝင်သည့်အမယ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ငါးရှဉ့်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ဂျင်း
နနွင်းမှုန့်
မြေပဲဆီ
ဒီဟင်းလျာ ချက်ပြုတ်ပုံမှာ ပထမဦးစွာ ငါးရှဉ့်များကို အကောင်လိုက် ရေဖြင့် ပြုတ်ပါတယ်။
ရေများ ပွက်ပွက်ဆူသောအခါ ငါးရှဉ့်များကို ဇကာ ထဲမှာ ခဏ ဆည်ထည့်ထားပါတယ်။
ထို့နောက် ငါးရှဉ့်များကို အရိုးတခြား အသားတခြား နွှာလိုက်ပါသည်။
ထိုနောက်တော့ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် နနွင်းမှုန့် တို့ကို မြေပဲဆီ ဖြင့် ဆီသတ် ကြော်ပါတယ်။
ထို့နောက် ဂျင်း၊ကြက်သွန်ဖြူ၊ကြက်သွန်နီ နှင့် နနွင်းမှုန့်တို့ ဆီသတ်ထားသော အိုးထဲသို့ ငါးရှဉ့်အသားမွမွလေးများကို ထည့်ကာ ကြော်လိုက်ပါတယ်။
အဲဒီနောက်တော့ ရနံ့ အရသာ တို့နှင့် ပြည့်စုံသော ငါးရှဉ့်အမွအချိုကြော် တစ်ပွဲကို ရရှိပါပြီ။
ကဲ မိတ်ဆွေတို့လည်း လတ်ဆတ်သော ငါးရှဉ့်များ ရနိုင်ပါလျှင် ကျွန်တော်လို ငါးရှဉ့်အမွအချိုကြော်လေး ချက်စားကြည့်ပါလား။
ကျွန်တော်ကတော့ ကလေးတွေပါ စားလို့ရအောင် ငါးရှဉ့်ကို အချိုကြော်တာပါ။
လူကြီးတွေပဲ စားကြမယ်ဆို ငါးရှဉ့်ကို ငရုတ်သီးဖြင့် အစပ်ကြော် ဆို ပိုကောင်းမယ် ထင်ပါတယ်။
What is your opinion on my cooking?
အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။
တင်အောင်စိုး