Most of the plants in Myanmar are medicinal plants. Thanakha is also one of the medicinal plants. I am going to write about is the traditional Burmese Thanakha.
In the modern developed countries, make-up is produced various brands. In Myanmar also sell various brands of make-up. But most of us Burmese women still apply Thanakha.
Thanakha provides coolness. When it is hot in summer, it is very cool to apply Thanakha on our face. At Kuthodaw Pagoda in Mandalay, foreign visitors apply Thanakha. After applying the thanakha, the guests take a souvenir photo.
Credit Image
According to the elders, taking Thanakha has medicinal properties. When visiting Kyaukka village, Thanakha is given as gifts. That village is the birthplace of my grandmother. Thanatkha is fragrant. Therefore, Thanakha is not only beautiful but also medicinal.
"နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏" တဲ့။ မြန်မာနိုင်ငံမှာရှိသော အပင်အများစုများသည် ဆေးဖက်ဝင်အပင်များဖြစ်ကြပါသည်။ သနပ်ခါးအပင်သည်လည်း ဆေးဖက်ဝင်အပင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကျွန်မအခုရေးသားမည့်အကြောင်းအရာကတော့ မြန်မာ့ရိုးရာသနပ်ခါးအကြောင်းပဲဖြစ်ပါတယ်။
ခေတ်မီဖွံဖြိုးတိုးတက်နေသောအနောက်နိုင်ငံကြီးများတွင် မိတ်ကပ်များ ပုံစံမျိုးစုံ တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်နေကြပါသည်။ ကျွန်မတို့မြန်မာနိုင်ငံတွင်လည်း မိတ်ကပ်များတံဆိပ်မျိုးစုံ ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။ သို့သော် ခေတ်များဘယ်လိုပဲတိုးတက် ဘယ်လောက်ပဲပြောင်းလဲနေသော်လည်း ကျွန်မတို့ မြန်မာအမျိုးသမီးအများစုသည်ယနေ့အချိန်ထိ သနပ်ခါးကို ခုံမင်စွာ လိမ်းခြယ်နေကြပါသည်။ မြန်မာအမျိုးသမီးများဟုဆိုရာတွင် အရွယ်သုံးပါးစလုံး ပါဝင်ကြပါသည်။
သနပ်ခါးသည် အေးမြခြင်းကို ပေးစွမ်းပါသည်။ နွေရာသီပူပြင်းတဲ့အချိန်တွင် ကျွန်မတို့မျက်နှာပေါ် သနပ်ခါးလေး လိမ်းထားလျှင် အရမ်းအေးမြပါသည်။ ကလေးများကိုဆို ပါးပေါ်တွင်ပါးကွက်လေးများကို ပုံစံမျိုးစုံဖြင့်လိမ်းပေးကြပါသည်။ ကျွန်မတို့ မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားတွင် ဘုရားဖူးလာကြသည့်ဧည့်သည်များကို ကလေးများသည် သနပ်ခါးများလိမ်းပေးပါကြသည်။ ပါးပေါ်တွင်လည်း သစ်ရွက်ပုံစံပါးကွက်လေးများ လိမ်းပေးကြပါသည်။ သနပ်ခါးလိမ်းပြီးသောအခါ ဧည့်သည်များသည် ခရေပင်ကြီးများနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကြပါသည်။ ဘုရားဖူးလာသော နိုင်ငံခြားသားဧည့်သည်များလည်း သနပ်ခါးကို လိမ်းခြယ်ကြပါသည်။
ရှေးလူကြီးသူမများ၏ ပြောစကားများအရ သနပ်ခါးသည် ညှော်မိရင်လည်း သွေးပြီးသောက်လို့လည်းရပါသည်။ အနာရှိတဲ့သူများဆိုရင်လည်း ထိုသို့သွေးပြီးသောက်လျှင် အနာမရင်းတော့ပါ။ ကျွန်မတို့ဆိုအဘွား၏မွေးဇာတိဖြစ်သော အရာတော်မြို့နယ်၊ ကျောက်ကာရွာသို့ အလည်ပြန်သည့်အခါများတွင် သနပ်ခါးတုံးများ လက်ဆောင်ရပါသည်။ ထိုသနပ်ခါးတုံးများကို သွေးပြီးမျက်နှာပေါ်တွင် လိမ်းထားလျှင် အရမ်းမွှေးပါသည်။ ထို့ကြောင့်သနပ်ခါးသည် အလှပကိုပေးစွမ်းရုံသာမက ဆေးဖက်လည်းဝင်ပါသည်။