အိမ်ပြောင်းခြင်း အနုပညာနှင့် wifi ပြောင်းရွှေ့ တပ်ဆင်ခြင်း အကြောင်းကို အကျယ်တဝန့်နှင့် တခမ်း တနား ရေးထားခဲ့ပြီး ဖြစ်၏။ တကယ်တမ်းကျ ဘာမှ မဟုတ်တာကို အကျယ်ချဲ့ ရေးခဲ့ခြင်း ဖြစ်၏။ ထိုအကြောင်းအရာကို အကျယ်ချဲ့ ရေးခဲ့လို့သာ တော်သေး၏။ ခုလိုမျိုးကျ ဘယ်ဟာ၊ ဘာအကြောင်းကို ဦးတည် ရေးရမယ်မှန်းကို မသိနေပြန်ပေ။ steem ဈေးကလည်း စာရေးလို့ အရသာ မရှိလောက်အောင်၊ မကောင်းလောက်အောင် ကျနေခဲ့သည်ကိုး။
Steemit မှာ လျှောက်လှမ်းခဲ့ဖူးသမျှ ကာလ တလျှောက်လုံး ခုလောက်ထိအောင်၊ ခုလိုမျိုး steem ဈေး ကာလ ကြာရှည်အောင် ကျနေခဲ့သည်မျိုး မကြုံခဲ့ဖူးပေ။ ned လက်ထက် ကတည်းက ကျနေခဲ့သည့် ဈေးက ခု justin လက်ထက်မှာလည်း ထူးမခြားနားပင်။ ကိုဟင် ပြောသည့် Meeting result က ဘယ်လို ထွက်လဲ မသိသေးပေ။ ၁၅ ရက်နေ့ ဆိုတော့ Time zone အရ အနည်းငယ်တော့ ကွာပေလိမ့်မယ်။ justin လက်ထက် ထူးခြား လာလောက်မည် ဆိုပြီး မျှော်လင့်ခဲ့ပေမယ့် လောလောဆယ်မှာတော့ သိပ်မထူးလှသေးပေ။
လက်ရှိ အခြေနေက ရှေ့ဘုန်းကြီး တချက် နောက်ဘုန်းကြီးက နှစ်ချက် ဟုပင် ပြောရ မလိုလိုပင်။ ပြောရအောင်လည်း justin လက်ထက် steemit ၏ ပြောင်းလဲ တိုးတက်မှုက မတွေ့ရသေးပေ။ စောသေးသည်ဟု ပြောရအောင်ကလည်း ခက်သားရယ်။ ခပ်မြန်မြန်ပဲ တိုးတက်ပြောင်းလဲလာဖို့ကို မျှော်လင့်နေသူတွေ အဖို့ ခု အချိန် အပိုင်းအခြားလေးကကို အတော်လေး ကြာနေသလိုပင်။
Steemit က ဘ၀ မဟုတ်ပေမယ့် ဘဝ၏ တစိတ်တပိုင်း ဖြစ်မှန်း မသိ ဖြစ်နေခဲ့ပြီကိုး။ စာရေးနေရလျှင် ပိုစ့်တင် နေရလျှင် ပြီး ရော ဆိုပေမယ့် ဈေးလေးကိုလည်း တချက်တချက်တော့ မျက်စောင်းထိုးမိနေသား။ ဈေးလေးများ တက်လာရင် ဆိုသည့် အတွေးနှင့် ရူူးခဲ့၊ တွေးခဲ့ရသည်မှာ အတော့်ကို ကြာခဲ့ပြီ ဖြစ်၏။ ခုချိန်ထိတော့ ခုချိန်ထိဟု ပြောရလောက်အောင်ပင်။ မည်သို့ပင် ဆိုစေ ဆက်ရေး ဆက်တင် နေရမည်မှာက ကိုယ့်အလုပ်မလား။ ထို့ကြောင့် ထို အကြောင်းကိုပင် ပိုစ့်တခု အဖြစ် ရေးတင်လိုက်ရပါတော့၏။
Don Jaun
MSC 31