နိုဝင်ဘာ ၁၃ မွေးသော ကျွန်တော်သည်
အိမ်ထောင်ကျတော့ ဧပြီ ၁၃ မွေးနေ့ပိုင်ရှင်
ကျွန်တော့်လေဒီ မဟေသီနှင့် ......
ဘွဲ့ယူတော့လည်း တိုက်တိုက်ဆိုင်ဆိုင်
၁၃ ကြိမ်မြောက် ရတနာပုံတက္ကသိုလ်
အဝေးသင်ဘွဲ့ .......
ဟော ..
ဟိုနေ့က ထီထိုးလာခဲ့တာ
အကြိမ်ရေ မြောက် ၁၃ ကြိမ်တဲ့လေ ..
ကျပန်းရွေးခဲ့တဲ့ ထီနံပါတ်က ၁၃ နဲ့စ သဗျ ....
၁၃ ဂဏန်းဟာ အနောက်နိုင်ငံတွေမှာတော့ Unlucky number လို့ ဆိုပေမယ့်
ကျွန်တော်ကတော့ ပဌာန်းဆက်ပါလွန်းသော ထိုနံပါတ်ကို အလွန်ကြိုက်တယ်ဗျာ
ဪ ... ပြောရအုံးမယ်
ကျွန်တော့် MSC Number က
MSC 103 ခင်ဗျ 😀😀 ...