Hello everyone, have a nice day.
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
A photo is taken at the same place at the same time, but the weather conditions are different on different days, so the resulting photos are no longer the same. Even if the weather is the same today as tomorrow, the photo will no longer be the same because of what is happening in the environment. The photos that my friends are seeing now are pictures that were taken from a single location because I thought the clouds and colors were beautiful after the sunset in the evening. Remember to take pictures to get these photos. It's not difficult, but you need to take a picture so you don't forget.
ဓာတ်ပုံ တစ်ပုံက နေရာတူ အချိန်တူ နေပေမယ့် နေ့ရက်မတူ ရာသီဥတုအခြေအနေမတူညီတဲ့အတွက် ရရှိလာတဲ့ဓာတ်ပုံတွေကလည်း မတူညီတော့ပါဘူး။ ရာသီဥတုက ဒီနေ့ မနက်ဖြန်တူညီနေရင်တောင် ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့အရာတွေကြောင့် ဓာတ်ပုံကမတူညီတော့ပါဘူး။ အခုမိတ်ဆွေတို့မြင်ရတဲ့ ဓာတ်ပုံတွေက ညနေ နေဝင်ပြီးသွားချိန် တိမ်တွေ အရောင်အသွေးတွေ လှနေတယ်ထင်လို့ နေရာတစ်ခုတည်းကနေပဲရိုက်ထားတဲ့ပုံတွေဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေရဖို့အတွက်ကလည်း သတိရနဲ့ ဓာတ်ပုံရိုက်ယူမှဖြစ်ပါလိမ့်မယ်။ ခက်ခဲတာမဟုတ်ပေမယ့် မမေ့မလျော့ပဲနဲ့ ဓာတ်ပုံရိုက်ယူထားဖို့တော့ လိုပါတယ်။
Don't think you're a photography expert by saying these things. I am not a professional photographer. I am an amateur who takes photos with a phone because of my passion for photography. I understand a little while shooting everything I see with a smartphone. I understand that photographers have to spend some time and effort to get 1 photo. I also respect photographers. They will spend time and money.
ဒီလိုတွေပြောရေးလို့ ဓာတ်ပုံ ကျွမ်းကျင်ပညာရှင်လို့မထင်ပါနဲ့။ ကျွန်တော်က professional ဓာတ်ပုံသမားမဟုတ်ပါဘူး။ ဓာတ်ပုံပညာကို ဝါသနာပါလို့ ဖုန်းတစ်လုံနဲ့ ရိုက်နေတဲ့ ဝါသနာရှင်တစ်ယောက်ပါ။ စမတ်ဖုန်းတစ်လုံးနဲ့ မြင်တွေ့သမျှရိုက်ရင်းနဲ့ အနည်းငယ်လောက် နားလည်လာတာပဲဖြစ်ပါတယ်။ ဓာတ်ပုံသမားတွေရဲ့ ဓာတ်ပုံ ၁ ပုံရဖို့အတွက် အခက်အခဲအချို့နဲ့ အချိန်ပေးကြရတာကို နားလည်လာပါတယ်။ ဓာတ်ပုံပညာရှင်တွေကိုလည်း လေးစားပါတယ်။ အချိန်ကုန်သလို ငွေလည်းကုန်ကြမှာပါ။
May you be satisfied with this post.
ဒီပို့စ်ကို ကျေနပ်နိုင်ကြပါစေ။
With all due respect -
အားလုံးကို လေးစားလျှက် -