Hello All friends,
I am every Sunday
Garbage from around the house
Collected.
Today (31-3-2024) is Sunday
Twenty-second garbage collection
It is.
ကျွန်တော်သည် တနင်္ဂနွေနေ့တိုင်း
အိမ်အနီးပတ်ဝန်းကျင်မှ အမှိုက်များကို
ကောက်ယူပါသည်။
ယနေ့ (31-3-2024) တနင်္ဂနွေနေ့သည်
နှစ်ဆယ့်နှစ်ကြိမ်မြောက် အမှိုက်ကောက်ယူခြင်း
ဖြစ်ပါသည်။
မတ်လ နောက်ဆုံးအပတ်မှာ အမှိုက်ကောက်ယူ
ခြင်းအမှတ်တရ ဘာညာ သာရကာပေါ့။
အမှိုက်ထုပ်ကြီးကိုင်ပြီး ဆယ်လ်ဖီလ်ဆွဲရအောင်
ကလည်း နေ့လယ် နေပူကြီးဆိုတော့ မဟုတ်သေး။
Cleanplanet မှာ ပိုစ့်တင်သူများက သူရို့
အမှိုက်ကောက်ယူသော အမှိုက်ထုပ်ကြီးဖြင့်
ဓာတ်ပုံရိုက်၍တင်ကြသည်။
ကျွန်တော်လည်း အားကျမခံ အမှိုက်ကောက်ယူ
၍ အမှိုက်ထုပ်သယ်သူ မော်ဒယ်တဦးရှာရပေအုံးမည်။
မော်ဒယ်ရှာရန်စဉ်းစားသည့်အခါ
မည်သူ့ကို ရွေးချယ်ရမည်နည်းဟု စဉ်းစားသည်။
စဉ်းစားရင်း ၏မြေးကို
သတိရသည်။ ဘုန်းတေဇနိုင် အား
မော်ဒယ်လုပ်ရန် ဖုန်းဆက်သည်။
မြေးအဖွားတွေ ဒီလောက်နေပူသည်ကို
မြေးဖြစ်သူအား သန်ချဆေးကျွေးသည်။
ကလေးက ဝမ်းသွား၍ အားနည်းနေသည်။
နေမကောင်းဖြစ်တော့သည်။
ဒီတော့ ကျွန်တော်ရဲ့ အမှိုက်ထုပ်သယ်သူ
မော်ဒယ်က ကျန်းမာရေး မကောင်းပါသဖြင့်
နောက်အပတ်မှာသာ မော်ဒယ်ဖြင့်
အမှိုက်ကောက်ခြင်း ပိုစ့်ကို ဝေဝေဆာဆာ
မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ပါတော့မည်။