Today my motorcycle was broken and
I leaved my motorcycle at Motobike
Repairing workshop. So there is no
work today and I can focus on the
writing part.
The situation in Mandalay is stable
now. Because saying like that is
compared to where I live and where I go
almost the entire city by my
motorbike. In the past, bombs and
gunfire were heard almost every
night. But I didn't hear that recently
night. Now, in the afternoon, I see
nothing but military vehicles
moving on the streets. I didn't hear
the breaking news because I didn't use
Facebook. This is to share the
current situation in Mandalay
Myanmar
Today I have no work. So I am
drwaing for fun. Black and White
drawing with pencil. In this drawing
only light and dark are important.
A good drawing takes long time and
some time it takes 2 or 3 days
for drawing at natural. I love drawing.
But I am not expert in drawing.
When I finish my drawing I will share
you again.
This is my daily routine. Anyway,
thank God I'm still alive today.
Thanks to my parents for raising
me. Thank the world for allowing
me to live. Thank you to all who
know me and those who do not
know me, and to all who hate me
and to all who love me.
Thank You
#SSA : Stay Safe & Alive
<<---(Myanmar Language)--->>
သည်ကနေ့ ဆိုင်ကယ်ပျက်နေသောကြောင့် ပြင်ထား
ရပါသည်။ ထို့ကြောင့် ဒီကနေ့ အလုပ်မရှိပါ။
သည်တော့ စာရေးတဲ့အပိုင်းကို အားစိုက်ဖြစ်ပါ
သည်။
ယခု မန္တလေးအခြေနေမှာ ငြိမ်လျှက်ရှိပါသည်။
ခုလိုပြောရခြင်းမှာ ကျွန်တော်နေထိုင်သော ပတ်ဝန်း
ကျင်နှင့် နှိုင်းယှဥ်ခြင်း၊ ပြီးတော့ တစ်မြို့လုံးနီးပါး
ကျွန်တော်သွားလာနေရခြင်းကြောင့်ဖြစ်ပါသည်။
ယခင်ဆိုလျှင် ညတိုင်း ဗုံးသံ၊ သေနတ်သံများကြား
ရသည်။ လမ်းမများပေါ်၌လည်း လူအနည်းငယ်သာ
ရှိသည်။ ယခုတော့ နေ့ခင်းတွင် စစ်ကားများက
လမ်းများပေါ်တွင် လှည့်လည်သွားလာနေသည်က
လွဲ၍ ဘာမှထူးထူးခြားခြား မတွေ့မြင်မိပေ။ သတင်း
ထူးများကိုလည်း Facebook မသုံးဖြစ်၍ မကြား
မိပေ။ ဤသည်ကား လတ်တလော မန္တလေးမြို့
အခြေနေအား မျှဝေပေးရခြင်းဖြစ်ပါသည်။
သည်ကနေ့ အလုပ်မရှိသောကြောင့် စိတ်အပန်းဖြေ
ရန် ပန်းချီဆွဲခဲ့ပါသည်။ ခဲတံကိုသုံး Black and
White ပန်းချီရေးဆွဲခြင်းဖြစ်သည်။ ဤပန်းချီတွင်
အလင်းအမှောင်သာ အဓိကကျသည်။ ပန်းချီကောင်း
တစ်ပုံဖြစ်ဖို့အချိန်ပေးရပါသည်။ နှစ်ရက်မှ ၃ ရက်
ထိကြာတက်ပါသည်။ ပန်းချီကို ဝါသနာပါသော
ကြောင့် ရေးဆွဲခြင်းဖြစ်ပြီး တစ်ဖက်ကမ်းတက်
အောင် ကျွမ်းကျင်သူမဟုတ်ပေ။ အားလုံးရေးဆွဲ
ပြီးသွားလျှင် ထပ်ပြီးဖော်ပြပေးပါမည်။
ဘာပဲဖြစ်ဖြစ် ဒီနေ့ကျွန်တော် အသက်ရှင်နေသေး
လို့ဘုရားကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို
မွေးထုတ်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်
ပါတယ်။ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ ကမ္ဘာ
ကြီးကို ကျေးဇူးတင်တယ်။ ကျွန်တော့ကို သိသူ၊
မသိသူ၊ မုန်းသူ၊ ချစ်သူ အားလုံးကို ကျေးဇူးတင်ပါတယ် ။
မိတ်ဆွေများလည်း ဘေးကင်းလှုံခြုံစွာ အသက်ရှင်နေထိုင်ပါ
ကျေးဇူးတင်ပါတယ်
#SSA : Stay Safe & Alive
ကိုကိုမိုးဟိန်း
သစ်အယ်သီး
| # The future is in your hand | # Do not kill the time | # If you love yourself |
|---|---|---|
| # Never give up! | # Try your BEST |
Connect to me>>> Touch Image
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|