သည်ကနေ့ကတော့ IAmAliveChalllenge မှာ
ပါဝင်ပြီး Post တင်ခဲ့သည်မှာ (15days)
၁၅ ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။
ယခုချိန်ထိ အသက်ရှင်နေသေးသည့်အတွက်
ဖြစ်တည်ရှင်သန်ခွင့်ပေးထားသည့် အရာအားလုံးကို
ကျေးဇူးတင်ပါသည်။
တစ်နေ့တာ လုပ်ဆောင်မှုများ
ဆိုင်ကယ်ပြင်ထားခဲ့သည်မှာ ၃ရက်ရှိပြီဖြစ်သည်။
မနေ့က ဝက်ရှော့ဆရာမှဆိုင်ကယ်ပြင်ပြီးပြီဖြစ်
ကြောင်း ဖုန်းလှမ်းဆက်ပြော၍ ဆိုင်ကယ်သွားယူခဲ့
ပါသည်။ ပြင်ခ ၃သောင်း၅ထောင်ကျပ် ပေးချေခဲ့
ရပါသည်။ ဆိုင်ပြင်ထား၍ အလုပ်မလုပ်ခဲ့ရပါ။ ထို့
ကြောင့် လက်ထဲတွင် သုံးစရာပိုက်ဆံလည်း မရှိပါ။
သည်နေ့တော့ ဆိုင်ကယ်ပြန်ရပြီ၊ အလုပ်ပြန်လုပ်ရ
တော့မယ်လို့ ပျော်ရွှင်နေခဲ့ပါသည်။ သို့သော် အလုပ်
မှ Order များမရှိပါ။ ထို့ကြောင့် ဒီနေ့လည်း အလုပ်
နားရပြန်လေသည်။
မနက်ပိုင်းတွင် အဆောင်ရှိရေကန်အား သန့်ရှင်းရေး
လုပ်ခဲ့သည်။ နေလည်ခင်းတွင် Hive Platform
ပေါ်တက်ကာ Crypto နဲ့ပက်သက်သည့် သတင်း
ထူးများနှင့် Friends များ၏ ပိုစ်ကို ဖတ်ရှုခဲ့ပါ
သည်။ အဲ့သည်နောက်မှာတော့ Rising Star နဲ့
Splinterlands ဂိမ်းကို ဝင်ရောက်ဆော့ကစား
ခဲ့ပါသည်။
ညနေခင်းမှာ ချစ်သူနဲ့အတူ ဦးပိန်တံတားကို သွားရောက်
ခဲ့ပါသည်။ ရာသီဥတုကတော့ တစ်နေကုန် မိုးအုံ့လိုက်
၊ နေပူလိုက် ဖြစ်ခဲ့ပါသည်။ အရမ်းလည်းမပူ အရမ်း
လည်း မအေးသည့် ရာသီဥတုမို့ နေရထိုင်ရတာ
အဆင်ပြေပါသည်။
ဘာပဲဖြစ်ဖြစ် ဒီနေ့ကျွန်တော် အသက်ရှင်နေသေးလို့
ဘုရားကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို
မွေးထုတ်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်
ပါတယ်။ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ ကမ္ဘာ
ကြီးကို ကျေးဇူးတင်တယ်။ ကျွန်တော့ကို သိသူ၊
မသိသူ၊ မုန်းသူ၊ ချစ်သူ အားလုံးကို ကျေးဇူးတင်ပါတယ် ။
မိတ်ဆွေများလည်း ဘေးကင်းလှုံခြုံစွာ အသက်ရှင်နေထိုင်ပါ
ကျေးဇူးတင်ပါတယ်
#SSA : Stay Safe & Alive
ကိုကိုမိုးဟိန်း
သစ်အယ်သီး
<<---(Myanmar Language)--->>
| # The future is in your hand | # Do not kill the time | # If you love yourself |
|---|---|---|
| # Never give up! | # Try your BEST |
Connect to me>>> Touch Image
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|