IACC ပိုစ်မတင်ပဲပျက်ကွက်ခဲ့တာ တစ်ပက်ခန့်ကြာ
ခဲ့ပါသည်။ အကြောင်းမှာ မိမိနှင့်အဆောင်အတူနေ
သူငယ်ချင်းမှ ရွာပြန်သွားခဲ့၍ မိမိတစ်ယောက်ထဲ
အဆောင်ဆက်မငှားနိုင်ပဲ မန်းလေးမြို့ အောင်ပင်လယ် ရှိ မိမိ၏ ဦးကြီးအိမ်သို့ ပြောင်းရွေ့
နေထိုင်ခဲ့ရသောကြောင့်ဖြစ်ပါသည်။
တကယ်ဆိုလျှင်လည်း ထိုအကြောင်းပြချက်သက်
သက်ကြောင့်မဟုတ်ပါ။ မိမိကိုယ်တိုင်ကလည်း
အလုပ်အဆင်မပြေသောကြောင့် စိတ်နဲနဲလေကာ
အာရုံစူးစိုက်မှုလျော့ပါးခဲ့ခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် I am alive today အသက်ရှင်
နေသေးတာကိုက ကံကောင်းခြင်းမဟုတ်လား။
Daily Activities / တစ်နေ့တာလုပ်ဆောင်မှု
ဒီနေ့မနက်ပိုင်း အိပ်ယာမနိုးခင်မှာပဲ ပစ္စည်းပို့ရန်
အလုပ်မှဖုန်းဆက်လာသောကြောင့် မနက်စောစော
ကတည်းက အလုပ်လုပ်ခဲ့ရပါသည်။ ညက မိုးရွာ
ထား၍ လမ်းပေါ်မှာ ရေအိုင်များရှိနေပါသည်။
နေ့ခင်းပိုင်းမှာ အလုပ်နားရ၍ ရေမိုးချိုးကာ နားပါ
သည်။ အဆောင်တွင် ဦးလေးမွေးထားသော ဂျက်ကီ
လေးနဲ့ အပြင်းပြေဓာတ်ပုံရိုက်ဆော့ကစားခဲ့ပါသည်။
ပြီးလျှင် စာအုပ်စဥ်မှ စာအုပ်တစ်အုပ်အားဖတ်ခဲ့ပါ
သည်။ ပီမောနင်း "လူပေါ်ကလူ" တဲ့။ အင်း စာအုပ်
နာမည်က နဲနဲရင့်သီးသလိုလို။ ခေတ်စကားနဲ့ပြောရ
လျှင် သူများမျက်ခုံးမွေးပေါ် စင်ကြန်လျှောက်တဲ့လူ
ဟု ပြောရမည်။ စာအုပ်ထဲက အကြောင်းရာများကို
မိမိလည်း အဆုံးထိမဖတ်ရသေး၍ ယခု မဆွေးနွေး
နိုင်သေးပေ။ ညနေခင်းတွင်တော့ မိမိချစ်သူမှ
ဆိုင်ကယ်ပျက်နေ၍ ဆိုင်ကယ်ပြင်ဆိုင်သို့ ကူပို့ပေးခဲ့
ရင်း နှစ်ယောက်အတူတူ အပြန်လမ်းတွင်
မာလာဟင်း ဝင်စားခဲ့ကြပါသည်။ ညနေခင်းတွင်
မိမိချစ်သူနှင့် အတူတူရှိနေနိုင်ခြင်းက မိမိတွက် ကံကောင်းလွန်းနေပါပြီ။ သို့သော် ဤသို့ပြောရသည်
မှာလည်း ကျောမလုံ။ သူများတကာ မိသားစုနဲ့ဝေး
ပြီး တောတောင်ထဲမှာ နိုင်ငံအတွက်ပေးဆပ်နေချိန်။
ဒီမိုကရေစီ တိုက်ပွဲတွင်းမှာ အသက်ပေးဆပ်ခဲ့ကြသူ
များကို ဘယ်လိုမျက်နှာပြရမလဲ။ ထိုသို့ဆိုသော်
မိမိမှာ ယခုဘာမှလုပ်ဆောင်နိုင်သည်လည်းမရှိ။
စိတ်ညစ်ပြီးနေရအောင်ကလည်း မိမိမှာ အမြဲလိုလို
စိတ်ညစ်စရာများကို ပြောင်းလဲကာ ပျော်ပျော်နေ
တက်သူဖြစ်ရကား ခက်တော့ခက်နေသည်။ မတွေး
တက်တော့ပေ။ စာဖတ်သူများ ဆွေးနွေးချင်သည်
များရှိက Comment မှာ လွပ်လပ်စွာ ဆွေးနွေး
ခဲ့နိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် ဒီနေ့ကျွန်တော် အသက်ရှင်နေသေးလို့
ဘုရားကိုကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို
မွေးထုတ်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်ပါ
တယ်။ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ ကမ္ဘာကြီး
ကို ကျေးဇူးတင်တယ်။ ကျွန်တော့ကို သိသူ၊ မသိသူ၊
မုန်းသူ၊ ချစ်သူ အားလုံးကို ကျေးဇူးတင်ပါတယ် ...
ကျွန်တော်ဒီနေ့အသက်ရှင်နေတယ်။ ချီးယား...
အဆွေရော ဘယ်လိုရှိလဲ။ ကျန်းမာပါစ။
စိတ်ညစ်တာတွေမေ့ထား။ အဆင်မပြေတာတွေ
မေ့ထား။ မုန်းတဲ့သူတွေကိုမေ့ထား။ အဆွေ့စိတ်ကို
မပျော်မရွှင်ဖြစ်စေတဲ့ အရာအားလုံးကိုမေ့ထားပါ။
လက်ရှိရှင်သန်နေရတဲ့အချိန်လေးကို တန်ဖိုးထားပါ။
အနည်းဆုံးတော့ အဆွေအသက်ရှင်နေသေးလို့
ပျော်ရွှင်ပါ။ ဂုဏ်ယူပါ။ ကျေးဇူးတင်ပါ...
ကိုကိုမိုးဟိန်း
သစ်အယ်သီး
<<---(Myanmar Language)--->>
| # The future is in your hand | # Do not kill the time | # If you love yourself |
|---|---|---|
| # Never give up! | # Try your BEST |
Connect to me>>> Touch Image
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|