Hello Dear Hivers!
Today I would to share you about
my first experience in Splinterlands
Game and my some daily activites.
I got up 6pm. The rain was
showering and it has been raining for all day long. Till now the rain
is containous. So the weather is
cool. This morning I started my
work from 6:30pm to 8:30pm. And
came back my hostel. After that
I had my breakfast. I have free
time a lot in these day because
my country Myanmars political as
I said in my IAAC Day#1 post.
Splinterlands Gaming day
Today is Splinterlands day for me.
I have been known for this game
for so long. But I can not play this
game because I do not understand
this game. So today one of my
friend recommended to
me to play this game. So I created
a new account for this game. It take
10 USD cost.
I got my new account. I learned
about the cards and battle. And I played Rank. But I losed 10 match.
Why I do not know. So I was a little
down-hearted. Then I asked
about the losing
problem haha😀. He explained to
me about the Cards and Battle.
I followed by his explanation.
Finally I won a battle. So I was
happy. Now I am playing this game
whenever I have free time. This is
my first experience in
Spelinterlands Gaming.
The think of today
is "If we do not know the way how
to do is very difficult for us.
If you know the way for that the
difficult things become child play".
Now I am alive and I want to say
"thanks God". And thanks to my
parents for giving me a perfect
birth. And "Thank" the world for
your kind of me.
I am very happy to be a part of this challenge.
Thank You
| # The future is in your hand | # Do not kill the time | # If you love yourself |
|---|---|---|
| # Never give up! | # Try your BEST |
Connect to me>>> Touch Image
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|
<<---(Myanmar Language)--->>
ကျွန်တော်အသက်ရှင်နေကြောင်း စိန်ခေါ်မှု -၂ရက်
Hive Myanmar မိသားစုဝင်များ မင်္ဂလာပါ။
ဒီနေ့ ကျွန်တော်မျှဝေပေးမဲ့ အကြောင်းရာကတော့
ကျွန်တော့်ရဲ့ ပထမဆုံး Splinterlander
Game အတွေ့အကြုံပဲဖြစ်ပါတယ်။
ပထမဦးဆုံး ဂိမ်းအကြောင်းမဝေမျှခင်မှာ ကျွန်တော့်
ရဲ့တစ်နေ့တာ Activities အနည်းငယ်ကို
မျှဝေပေးချင်ပါတယ်။ မနက် ၆ နာရီမှာ အိပ်ယာထ
ခဲ့ပြီး ၆ ခွဲမှ ၈ ခွဲထိ Delivery အလုပ်ကို လုပ်ခဲ့
ပါတယ်။ ကျွန်တော်တို့ရဲ့ဘဝဟာ ကျီးလန့်စာစား
ဘဝပါ။ ပြီးတော့ မူကြိုကလေးဘဝလို
ဖြစ်နေပါတယ်။ ဟိုနားမသွားနဲ့ ဒီနားမသွားနဲ့ ဟိုဟာ
စားနဲ့၊ ဒီဟာမစားနဲ့ မူကြိုဆရာမရဲ့လက်ထဲမှာ
ကလေးငယ်များဟာ အကန့်သက်နဲ့နေရသလို ခု
မအလ လက်ထက်မှာလည်း ဟိုချိန်မထွက်နဲ့
ဒီချိန်မထွက်နဲ့ ဘာမှမပြောနဲ့ အချုပ်ကားပေါ်တက်။
ဖြေရှင်းချက်မရှိ။ သက်ကြီးများပြောတာ
မလွန်ဘူးလို့ ခုမှ နားလည်လာတယ်။ စစ်ခွေးတွေ၊
စစ်ခွေးတွေ...
Splinterlander Gmae ဆော့ခြင်း
စိတ်ညစ်စရာများ ခနမေ့ကြဦးစို့။ ဒီ မအလ ကြောင့်
နေ့ခင်း အလုပ်လုပ်မရလို့ အားနေပါတယ်။ အဲ့တာနဲ့
ဖုန်းပဲပွတ်နေရတာပေါ့။ ဖုန်းသာ လူစကားပြောတက်
ရင် ထဆဲလောက်ပါတယ်။ မတက်နိုင်ဘူး။ ပွတ်စရာ
ဒီဖုန်းပဲရှိတာကိုး။ မနေ့ညက ပြော
ပြလို့ Splinterlander Game ကို စဆော့
ဖြစ်ပါတယ်။ ဒီဂိမ်းကို အရင်ကသိခဲ့တာကြာပါပြီ။
ဒါပေမဲ့ မဆော့တက်တာရယ်၊ နားမလည်တာရယ်၊
ပြောပြမဲ့သူ မရှိတာရယ်ကြောင့် မဆော့ဖြစ်ခဲ့ပါဘူး။
ခုတော့ ဒီ Game လေးက ခေတ်ထနေတာနဲ့
ဆော့ဖြစ်အောင် ဆော့မယ်ဆိုပြီး ကိုဒိုမီဆီ အပူကပ်
ရပါတော့တယ်။ ပထမဆုံး ဂိမ်းစဆော့ချင်တယ်
ဆိုရင် 10$ အရင်သွင်းရပါတယ်။ 10$ မသွင်းပေ
မဲ့ Hive အကောင့်နဲ့ Log in ဝင်ရင်လည်း
အကောင့်ပွင့်ပါတယ်။ ဒါပေမဲ့ Battle ဆော့လို့မရ
ပါဘူး။ Battle ဆော့မှ Reward များရမှာဖြစ်
လို့ 10$ သွင်းကာ စဆော့ဖြစ်ခဲ့ပါတယ်။
ပထမ စပြီး Battle ဆော့တော့ 10 ပွဲဆက်တိုက်
လောက်ရှုံးပါတယ်။ တစ်ခုခုတော့မှားနေပြီလို့တွေး
မိပြီး ကိုဒိုမီဆီအပူကပ်ပြီး မေးမြန်းတော့မှ နည်းမှန်
လမ်းမှန်သိပြီး နိုင်ပွဲရပါတော့တယ်။ အဲ့တာပါပဲလေ
"ဘယ်အလုပ်ပဲလုပ်လုပ် ဆရာ မပြ နည်းမကျတဲ့"
ခုတော့ ဆရာဒိုမီ ကျေးဇူးကြောင့် နိုင်ပွဲတွေ ရပြီး
အားရကျေနပ်ပီတိဖြစ်နေရပါတယ်။ ဒါကတော့
ဒီဂိမ်းနဲ့ပက်သက်ပြီး တွေ့ကြုံအနည်းငယ်ကို
မျှဝေပေးခဲ့တာဖြစ်ပါတယ်။
**ဘာပဲဖြစ်ဖြစ် ဒီနေ့ကျွန်တော် အသက်ရှင်နေသေးလို့
ဘုရားကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို
မွေးထုတ်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်
ပါတယ်။ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ ကမ္ဘာ
ကြီးကို ကျေးဇူးတင်တယ်။ ကျွန်တော့ကို သိသူ၊
မသိသူ၊ မုန်းသူ၊ ချစ်သူ အားလုံးကို
ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ်
ကိုကိုမိုးဟိန်း
သစ်အယ်သီး
| # The future is in your hand | # Do not kill the time | # If you love yourself |
|---|---|---|
| # Never give up! | # Try your BEST |
Connect to me>>> Touch Image
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|