ဒီကနေ့ မနက်ခင်းတွင် မိုးများသည်းနေခဲ့၏။ ၆ နာရီ
အိပ်ယာစောထရသည်။ အဘယ်ကြောင့်ဆိုသော်
မနက်ခင်း ၉ နာရီကျော်လျှင် အချုပ်ကားဖြင့်
ဖမ်းခံထိမိစိုး၍ အလုပ်ကို စောလုပ်ရန်ဖြစ်သည်။
Order များရှိကြောင်း ညကတည်းက သိရပြီးဖြစ်
သောကြောင့်လည်း သတိကောင်းကာ စောနိုးနေခြင်း
ဖြစ်ပေလိမ့်မည်။ မိမိအလုပ်မလုပ်ခင် အိမ်မှာနေတုန်း
ကဆိုလျှင်ဖြင့် မနက် ၉ နာရီထိ အိပ်တက်သည်။
ဗိုက်ဆာလျှင် စျေးထဲ အမေ့ဆိုင်ရှမ်းခေါက်ဆွဲ
ပြေးစားလိုက်သည်။ တစ်နေကုန်ဖုန်းသုံး အချိန်ခဲ့ရ
တာချည်းများသည်။ သို့သော် ယခုကား အလုပ်
လုပ်မှ ပိုက်ဆံရမည်။ ပိုက်ဆံရမှ ပါးစပ်လုပ်နိုင်မည်။
ထူးဆန်းပေစွ။ မနက်ခင်းစော ၆ နာရီတွင် လမ်းတိုင်း
တွင် ပြေးလွှားနေသော ကားများ၊ ဆိုင်ကယ်များဖြင့်
ပြည့်နပ်နေသည်။ သြော် မအလ အုပ်ချုပ်သော
ခေတ်ဆိုသည်ကား ဤကဲ့သို့ အိပ်ကောင်းခြင်းမအိပ်
ရ။ နေကောင်းခြင်းမနေရ။ စားကောင်းခြင်းမစားရ
ပါတကား ဟု စိတ်တွင်ရေရွက်မိ၏။ ဟူး... လေပူတစ်ချက်ကို အလိုမတူပဲ မှုတ်ထုတ်မိ၏
(တာယာမင်းဝေစကားဖြင့်) ။ မအလ အုပ်ချုပ်သော
ခေတ်သည်။ မနက်စောစောပင် ကျက်သရေမရှိ။
ကျွန်တော် ဤသို့ပြော၍ မလွန်ဟု ပြောချင်ပါသည်။
မယုံလျှင် ဟော... ဟိုလမ်းမပေါ်က လူတွေကိုမေး
ကြည့်နိုင်ပါသည်။ ခဗျား စိတ်ချမ်းသာရဲ့လား
ဟူ၍။ ဖြေပါလိမ့်မည် ငလမ မအလ ဟူ၍။
မနက် ၉ နာရီထိုးလျှင် အဆောင်ပြန်ရောက်ခဲ့၏
မရောက်၍လည်း မရပေ။ ကံကောင်းပါက ဘာမှ
ဖြစ်မဟုတ်။ ကံမကောင်းလျှင်ကား ထောင်နှုတ်ခမ်း
နင်းရပေမည်။ မနက်စာ စားကာ တစ်ရေးပြန်၍
အိပ်ဖြစ်၏။ နေ့လည် ၁ နာရီတွင် ဗိုက်ဆာပြီဖြစ်၍
လမ်းထိပ်က ထမင်းဆိုင်ပြေးခဲ့ရ၏။ လမ်းတွင် နွား
တစ်ကောင် တိုင်မှာ ချည်ထား၍ အမှတ်တရ ဓာတ်ပုံ
ရိုက်ခဲ့သေးသည်။ နွားတို့ဘာဝ လွပ်လွပ်မြက်စားကာ
မြူးတူးပျော်ပါးချင်ပေမည်။ သို့သော် သူ့ဘဝသည်
ကျွန်တော်တို့ဘဝနှင့် အတူတူပင်။ ဗိုလ်ချုပ်ပြော
သော စကားကို ပြေးသတိရမိ၏။
"ကျွန်တော်သည်လူယဥ်ကျေးတစ်ယောက်ဖြစ်ရ
သည်ထက် လွပ်လပ်သော မြက်ရိုင်းလွင်ပြင်တွင်
လူရိုင်းဖြစ်ရသည်ကိုပိုနှစ်သက်၏"
ကျွန်တော်သည် ယခုမှ လွပ်လပ်မှု၏ တန်ဖိုးကို ပိုမို၍ နားလည်လာရသည်။ လူယဥ်ကျေးတစ်ယောက်
ဖြစ်ရသည်ထက် လွပ်လပ်ပြီး ချုပ်ချယ်မှုကင်းသော
လူရိုင်းတစ်ယောက် ဖြစ်ရသည်က ပို၍ အဓိပ်ပါယျရှိ
သည်ဟု ခံစားမိလာသည်။ ပို၍သာ ဗိုလ်ချုပ်၏ ထိုစကား နားထဲတွင် စွဲမြဲနေပါတော့သည်။
ဘာပဲဖြစ်ဖြစ် ဒီနေ့ကျွန်တော် အသက်ရှင်နေသေးလို့
ဘုရားကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို
မွေးထုတ်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်
ပါတယ်။ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ ကမ္ဘာ
ကြီးကို ကျေးဇူးတင်တယ်။ ကျွန်တော့ကို သိသူ၊
မသိသူ၊ မုန်းသူ၊ ချစ်သူ အားလုံးကို ကျေးဇူးတင်ပါတယ် ။
မိတ်ဆွေများလည်း လှုံခြုံစွာ အသက်ရှင်နေထိုင်ပါ
ကျေးဇူးတင်ပါတယ်
ကိုကိုမိုးဟိန်း
သစ်အယ်သီး
<<---(Myanmar Language)--->>
| # The future is in your hand | # Do not kill the time | # If you love yourself |
|---|---|---|
| # Never give up! | # Try your BEST |
Connect to me>>> Touch Image
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|