Hello.
Do I think that this week will not be profitable?
The Covid-19 epidemic is wreaking havoc on Burmese citizens.
The terrorist army is pursuing the people's prevention and treatment efforts.
Government hospitals do not provide adequate care for those infected with Covid-19.
In addition, responsible health professionals and volunteers are pursuing care for Covid-19-infected patients.
Worst of all, the junta are chasing even the oxygen tanks that the people themselves are trying to get.
During this week, UNHCR also restricted the distribution of relief supplies to refugees.
This is inhumane. It is clear that the terrorist army is committing crimes against human rights and genocide.
In this situation, my family members are also suffering from seasonal flu or Covid-19.
Some are disappearing Smell.
I was the only one who was healthy, so I had to take care of my family.
So I decided that what I really needed to do was learn how to do it right.
But with the salient advantages, you must know some of the disadvantages as well.
So for today I staked two types of LEO and CENT tokens.
Two types of LEO and CENT Tribe Token are the financial related Second Layer Tokens of HIVE Blockchain.
That is why today I powered up more than 60 LEOs and almost 100 CENTs.
What do you think?
Thank you for everything.
Tin Aung Soe
[Burmese]
မင်္ဂလာပါ။
ဒီရက်ပတ် ဘာမှ အကျိုးအမြတ် ဖြစ်ထွန်းရာ မလုပ်ဆောင်နိုင်ဘူးဟု ယူဆရမလား။
Covid-19 ကပ်ရောဂါက မြန်မာနိုင်ငံသားတွေကို ဆိုးဝါးစွာ တိုက်ခိုက်လျက် ရှိသည်။
အကြမ်းဖက်စစ်တပ်က ပြည်သူတွေ၏ ရောဂါကာကွယ်၊ကုသရေး လုပ်ငန်းစဉ်တွေကို လိုက်လံ နှောက်ယှက်နေသည်။
အစိုးရဆေးရုံများ၌ Covid-19 ကူးစက်ခံရသူများကို ပြုစုကုသမှု ကောင်းစွာ မပေးပါ။
ထိုသို့သာမက တာဝန်သိကျန်းမာရေးပညာရှင်များနှင့် စေတနာရှိကူညီသူများ၏ Covid-19 ကူးစက်ခံရသူလူနာများကို ပြုစုစောင့်ရှောက်မှု ပေးခြင်းများကို လိုက်လံ နှောက်ယှက် ဖမ်းဆီးနေသည်။
အဆိုးဝါးဆုံးမှာ ပြည်သူတွေ ကိုယ်တိုင် ကြိုးစားရယူထားသော အောက်ဆီဂျင်အိုးများကိုပင် လိုက်လံသိမ်းဆည်းနေသည်။
ဤရက်ပတ်အတွင်း UNHCR မှ စစ်ဘေးရှောင်ပြည်သူများကို ကူညီရန် အသုံးအဆောင်ပစ္စည်းများ ပေးဝေခြင်းကိုလည်း ကန့်သတ် ထိန်းချုပ်လျက်ရှိသည်။
ဤသည်မှာ လူသားချင်းမစာနာမှု ၊ လူ့အခွင့်အရေးချိုးဖောက်မှု နှင့် လူသားမျိုးနွယ်တုန်းသတ်ဖြတ်မှု ရာဇဝတ်မှုတွေကို အကြမ်းဖက်စစ်တပ်က ကျူးလွန်နေသည်မှာ ထင်ရှားလှသည်။
ဤသို့သော အခြေအနေတွင် ကျွန်တော်၏ မိသားစုဝင်များသည်လည်း ရာသီတုတ်ကွေး နှင့် Covid-19 မသဲကွဲစွာ ခံစားနေကြရသည်။
အချို့မှာ အနံ့ပျောက်လျက် ရှိသည်။
ကျွန်တော် တစ်ယောက်သည်သာ ကျန်းမာလျက် ရှိသောကြောင့် မိသားစုဝင်များကို ဂရုစိုက် စောင့်ရှောက်ပေးနေရသည်။
သို့ဖြစ်၍ ကျွန်တော်သည် လတ်တလော ဝင်ငွေ ရနိုက်သော လုပ်ငန်းများကို ရပ်နားထားရပါသည်။
သို့သော်လည်း Hive Blockchain ပေါ်ကိုတော့ အချိန်ရသလို အသုံးပြုရင်း အနာဂတ်ငွေကြေး လွတ်မြောက်မှု အတွက် လုပ်ဆောင်နေရပါသည်။
ထိုကြောင့် ယနေ့အတွက်တော့ ကျွန်တော်သည် LEO and CENT token နှစ်မျိုးကို Staking လုပ်ခဲ့ပါတယ်။
LEO and CENT Tribe Token နှစ်မျိုးမှာ စီးပွားရေး၊ ငွေရေးကြေးရေးနှင့် သက်ဆိုင်သော HIVE Blockchain ၏ Second Layer Tokens ဖြစ်သည်။
သို့ကြောင့်သာပဲ ဒီနေ့မှာ LEO 60 ကျော်နှင့် CENT 100 နီးပါးကို Powering Up လုပ်ခဲ့ခြင်း ဖြစ်သည်။
မိတ်ဆွေတို့ရော အဘယ်သို့ ယူဆပါသလဲ။
အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။
တင်အောင်စိုး