Hello everyone. Greetings to all the senior brothers and sisters who are already on the hive platform. I'm happy to meet you all. This is my first post. This post will introduce me as an introductory letter.
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ Hive platform ပေါ်ကို ရောက်ရှိနေပြီးးသား စီနီယာ အကို အမ များနဲ့ သူငယ်ချင်း များ အားလုံး ကို နှုတ်ခွန်းဆက်သပါတယ်။ အားလုံးနဲ့အတူ အခုလို ဆုံတွေ့ခွင့်ရတဲ့အတွက်လည်း ပျော်ရွှင် ၀မ်းမြောက်မိပါတယ်။ ဒီပို့စ်က ကျွန်တော်ရဲ့ ပထမဆုံး Post ဖြစ်ပါတယ်။ ဒီ post မှာ ကျွန်တော်ရဲ့ အကြောင်းကို မိတ်ဆက် စာ အဖြစ် ရေးသားသွားမှာ ဖြစ်ပါတယ်။
Who am I ?
When someone asks us who you are, everyone has an answer to answer, which is your name, and my name is Khaing Zaw Linn (Mg). I am 24 years old and 5'8 "tall. I was born in Thanbyuzayat, Mon State, a small town in Myanmar.
ကျွန်တော်တို့တွေကို မင်းဘယ်သူလည်းလို့ တစ်စုံတစ်ယောက်က မေးလာတဲ့အခါ ပြန်ဖြေဆိုဖို့ အဖြေတစ်ခု လူတိုင်းမှာ ရှိကြပါတယ်။အဲဒါက မင်းနာမည် ဘယ်သူလည်း ဆိုတဲ့ မေးခွန်းဖြစ်ပြီးတော့ ကျွန်တော့် နာမည်ကတော့ Khaing Zaw Linn ( Mg) ဖြစ်ပါတယ်။ အသက်က ၂၄ နှစ်ဖြစ်ပြီး အရပ်က 5'8" လက်မ ဖြစ်ပါတယ်။ ကျွန်တော့်ကို မွန်ပြည်နယ် ၊ သံဖြူဇရပ် မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒါက မြန်မာနိုင်ငံထဲက မြို့ ငယ်တစ်ခု ဖြစ်ပါတယ်။
As for education, in 2018, I received a diploma from Electronic Technician from the School of Technology. I was currently working as a Operation Technician on a Gas Turbine Power Generation (Power Plant).
ပညာရေး အနေနဲ့ 2018 ခုနှစ်မှာ နည်းပညာ သိပ္ပံကျောင်းမှ Electronic Technician ဖြင့် ဒစ်ပလိုမာ ရရှိခဲ့ပါသည်။ လက်ရှိတွင် Gas Turbine Power Generation ( Power Plant ) တစ်ခုတွင် Operation Technician ရာထူးဖြင့် လုပ်ကိုင်လျှက်ရှိပါသည်။
My Hobby is Football
As a young man, I used to play ping pong, and I especially enjoyed playing football. Football is my favourite sport and I often compete in township and state competitions. Football is played as a team and promotes unity. Another hobby is playing games. I play a lot of games. I always play Mobile Legend game especially.
My Hobby is Football
ကျွန်တော်က လူငယ်ပီပီ အားကစား ပြုလုပ်လေ့ရှိပြီး အထူးသဖြင့် ဘောလုံးကစားခြင်းကို ဝါသနာပါပါတယ်။ ဘောလုံးကစားခြင်းက ကျွန်တော်အကြိုက်ဆုံး အားကစားဖြစ်ပြီး မကြာခဏ မြို့နယ် ပြည်နယ် ပြိုင်ပွဲများတွင် ၀င်ရောက်ယှဥ်ပြိုင်လေ့ရှိပါတယ်။ ဘောလုံး ကစားခြင်းက အသင်းအဖွဲ့ဖြင့် ကစားရခြင်း ဖြစ်ပြီး စုစည်းညီညွတ်မှုကို အထောက်အကူ ပြုပါတယ်။ အခြားသော ဝါသနာ တစ်ခုကတော့ Game ကစားခြင်းဖြစ်ပါတယ်။ ကျွန်တော်က game အတော်များများ ကို ဆော့ကစားဖြစ်ပါတယ်။ အထူးသဖြင့် Mobile Legend game ကို အမြဲ ဆော့ကစားဖြစ်ပါတယ်။
There is also a lot of block chain gaming on the Hive Block chain. I also decided to try block chain games. I want to say a few words of thanks here. Thanks to for introducing me to the Hive Blog. Thank you for creating a Hive account and helping me write this post. There is still a lot to learn from
and @ tin.aung.soe for more block chain gaming.
Hive Block chain ပေါ်မှာလည်း Block chain Gaming များစွာရှိတယ်လို့သိရပါတယ်။ Block chain game များကိုလည်း ကြိုးးစားပြီး ဆော့ကစားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီနေရာမှာ ကျေးဇူးတင်စကားး အနည်းငယ်ပြောချင်ပါတယ်။ ကျွန်တော့်ကို Hive Blog နဲ့ မိတ်ဆက်ပေးတဲ့
ကို ကျေးဇူးတင်ရှိပါတယ်။Hive account တစ်ခု ပြုလုပ်ပေးခဲ့ပြီး ယခု post အား ကောင်းမွန်စွာ ရေးသားနိုင်ဖို့ ကူညီပေးခဲ့ခြင်းအတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ နောက်ထပ် block chain gaming များ ဆော့ကစားနိုင်ရန် အတွက်လည်း
နှင့်
တို့ဆီမှ အများကြီး လေ့လာသင်ယူရဦးမည်ဖြစ်ပါတယ်။
Thank you so much for this opportunity to meet with all of you. In the future, we will try to create better posts and create quality content for Hive Blogs.
အားလုံးနဲ့အခုလို တွေ့ဆုံခွင့်ရခဲ့ခြင်းအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ရှေ့ဆက် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ Post များဖန်တီးနိုင်ဖို့ ကြိုးစားလေ့လာရင်း Hive Blog များ အရည်အသွေးရှိ content ကောင်းများဖန်တီးသွားမည်ဖြစ်ပါသည်။