မင်္ဂလာပါ
ဒီရက်ပိုင်း ရာသီဥတုက ဖောက်ပြန်နေပါတယ်။
လေတိုက် မိုးစက်ကျတာတွေ ဖြစ်နေပါတယ်။
နွေကုန်လို့ မိုးဦးကျရင်ဖြင့် ဖြစ်တတ်လေ့ရှိသော
ရာသီတုတ်ကွေး ကိုလည်း ဂရုစိုက်ကြဖို့ လိုပါမယ်။
ရာသီတုတ်ကွေးနှင့် Covid-19 ရောထွေးမှာလည်း
လွန်စွာ စိုးရိမ်ရပါတယ်။
Corona သံသယလူနာများ များလာမှာကိုပါ။
အခြားနိုင်ငံအချို့မှာတော့ Second Wave ပိုးတွေ့လူနာ
ပြန်များလာတာတွေ ရှိပါတယ်။
မြန်မာကတော့ First Wave ပဲ ရှိသေးထားပါတော့။
မနေ့ညသန်းခေါင်လောက်က အိပ်ရာမှ အပေါ့စွန့်သွားခဲ့ရာ
မန်းကျည်းပင်အောက်၌ စာပေါက်စလေးတစ်ကောင်ကို
တွေ့ရပါတယ်။
လူနင်းမိမှာစိုးလို့ အမှိုက်ပုံပေါ် ကောက်တင်ခဲ့ပါတယ်။
မနက်ကျတော့ မိုးကျလာတာနဲ့ မိုးလုံရာကို ထားပေးခဲ့ပါတယ်။
သူ့မိခင် လာရှာခေါ်မလား စောင့်ခဲ့ပါသေးတယ်။
မိုးတိတ်တော့ သူ့အသိုက်ကို ရှာပြီး ပြန်ထားပေးလိုက်ပါတယ်။
ဒါနဲ့ စကားဆက်ပြီး မိတ်ဆွေတို့လည်း ရာသီဥတုကို
ဂရုစိုက်ကြပါ။
ကျန်းမာအောင် နေကြပါ။
ကပ်ရောဂါဘေးက တာရှည်ဦးမယ့် တိုက်ပွဲပါ။
အားလုံးညီညွတ်စွာ စည်းကမ်းတကျ တိုက်ထုတ်ကြမှ
အကျအဆုံး နည်းပြီး အောင်မြင်မှု ရမှာပါ။