Hello.
The other last day, we visited the Thirty Caves Pagodas on my way back from Soum Oo Poanya Shin Pagoda on Sagaing Hill.
It is called the Thirty Caves Pagodas because it is built in a series of thirty tunnels and worship Buddha images.
There are 30 statues of Buddha in thirty caves.
You can walk up the brick stairs to reach the thirty caves. You can also attend by car or motorbike.
The three of our family walked up the stairs to the Thirty Caves Pagodas.
By Burmese Language,
မင်္ဂလာပါ။
ဟိုတစ်နေ့က စစ်ကိုင်းတောင် ပေါ်မှ ဆွမ်းဦးပုညရှင်စေတီ ဖူးမြော်ပြီး အပြန်မှာ ဥမင်သုံးဆယ်ဘုရား သို့ ဝင်ရောက်ခဲ့ပါတယ်။
ဥမင်သုံးဆယ်ဘုရား ဟု ခေါ်တွင်ရခြင်းမှာ ဥမင်လှိုင်ပေါင်း သုံးဆယ်ကို တန်းစီဖောက်လုပ်ပြီး ဘုရားရုပ်ပွားတော်များ တည်ဆောက် ကိုးကွယ်ထားခြင်းကြောင့် ဖြစ်သည်။
ဥမင်သုံးဆယ် အထဲ၌ ဗုဒ္ဓရုပ်ပွားတော် အဆူ ၃၀ ရှိပါသည်။
ဥမင်သုံးဆယ် သို့ ရောက်ရှိရန် အုတ်လှေကား တသ်လျှောက် ခြေလျင် တက်ရောက်နိုင်သလို ကား၊ ဆိုင်ကယ်ဖြင့်လည်း တက်ရောက်နိုင်ပါသည်။
ကျွန်တော်တို့မိသားစု သုံးယောက်ကတော့ တောင်လှေကား တလျှောက် ခြေလျင်လျှောက်ကာ ဥမင်သုံးဆယ်ဘုရား ကို ဖူးမြော်ခဲ့ကြပါသည်။
ဝဠာဟိန်း