Hello.
Yesterday evening, I arrived at another village.
There was a stream near the monastery to the east of that village.
I visited that stream 5 years ago.
Yesterday I visited that stream again. It is not a special stream and it is not a stream where we can swim.
When it rains, the water flows, but when it is not raining, there is only a little water left.
It is used for drinking water for cattle and animals.
I saw the reflection of trees in the remaining water in the stream.
The reflection of bushes on both sides of the stream.
It was not particularly beautiful.
However, I took a photo of what I saw while I was there as a rural landscape.
မင်္ဂလာပါ။
မနေ့ညနေက အခြားရွာတစ်ရွာသို့ ရောက်ဖြစ်ခဲ့သည်။
ထိုရွာ၏ အရှေ့ဘက် ဘုန်းကြီးကျောင်း အနီး၌ စမ်းချောင်း တစ်ခု ရှိသည်။
လွန်ခဲ့သော 5နှစ်လောက်က ထိုစမ်းချောင်းသို့ ကျွန်တော် ရောက်ဖူးခဲ့ပါသည်။
မနေ့ကတော့ ထိုစမ်းချောင်း ဘက် ထပ်မံ ရောက်ခဲ့ခြင်း ဖြစ်သည်။
ထူးခြားသော စမ်းချောင်း မဟုတ်သကဲ့သို့ ရေကူးနိုင်သော စမ်းချောင်းလည်း မဟုတ်ပါ။
မိုးရွာလျှင် ရေစီးပြီး မိုးရာသီ မဟုတ်လျှင် ရေအနည်းငယ်သာ ကျန်ရှိနေတတ်ပါသည်။
ကျွဲ နွား တိရိစ္ဆာန်များ အတွက်တော့ သောက်သုံးရေ ရပါသည်။
စမ်းချောင်း အတွင်းက လက်ကျန် ရေပြင်၌ သစ်ပင်တို့၏ ပုံရိပ်များ အလင်းပြန်နေတာကို တွေ့မြင်ခဲ့ရသည်။
စမ်းချောင်း ဘေးနှစ်ဘက်က ခြုံပင်တွေ၏ အလင်းပြန်ပုံရိပ်များ ဖြစ်သည်။
ထူးခြားလှပသည်တော့ မဟုတ်ပါ။
သို့သော်လည်း ရောက်တုန်းခဏ မြင်တွေ့ရသည်ကို ကျေးလက်ဒေသရှုခင်း အဖြစ် ဓာတ်ပုံရိုက်ယူခဲ့ပါသည်။