Hello.
The days are short in winter.
The shorter days are due to late sunrises and early sunsets.
In the winter, the sun passes through the earth at an angle to the south.
So the night time is longer because there is less time to see the sun.
Because the days are short, there is not enough time to work during the day.
Time seems to pass quickly while working.
Since the sun is slanting towards the south, the shadows are clearly visible in the afternoon.
The shadow of objects seen by the sun tends to fall to the north.
Today I took a photo of the shadow of the palm trees with my phone camera to post on the Shadow Hunters Community.
When I wanted to see the shadow of the palm trees, I could not see the shadow of the palm trees clearly.
So I have to show the natural beauty of Palm and palm leaves.
Burmese Language,
မင်္ဂလာပါ။
ဆောင်းရာသီ၌ နေ့တာတိုသည်။
နေ့တာတိုရခြင်းသည် နေထွက်တာ နောက်ကျပြီး နေဝင်တာ စောခြင်းကြောင့် ဖြစ်မည်။
ဆောင်းရာသီ၌ နေမင်းသည် ကမ္ဘာ တောင်ဘက်သို့ စောင်းလျက် ဖြတ်သန်းသွားသည်။
သို့ဖြစ်၍ နေလုံးကို မြင်တွေ့ရချိန် နည်းသောကြောင့် ညအချိန်က ပိုကြာသွားသည်။
နေ့တာတိုသောကြောင့် နေ့ခင်းဘက် အလုပ်လုပ်ရသည်များမှာ အချိန်မလောက် ဖြစ်ရသည်။
အလုပ်လုပ်ရင်း အချိန်ကုန်မြန်သည်ဟု ထင်ရသည်။
နေမင်းသည် တောင်ဘက်သို့ စောင်းကာ ဖြတ်သန်းနေသောကြောင့် နေ့လည်ခင်းတည့်တည့်မှာ အရိပ်တို့ကို ကောင်းစွာ မြင်ရသည်။
နေရောင်ကြောင့် မြင်ရသော အရာဝတ္ထုတို့၏ အရိပ်သည် မြောက်ဘက်သို့ ကျရောက်နေတတ်သည်။
ဒီနေ့တော့ Shadow Hunters Community မှာ Post ရန် ထန်းပင်တွေ၏ အရိပ်ကို ဖုန်းကင်မရာဖြင့် ဓာတ်ပုံရိုက်ယူခဲ့သည်။
ထန်းပင်တွေ၏ အရိပ်ပုံ လိုချင်သည့်အချိန်ကြမှ ထန်းပင်ရိပ် ကို ရှင်းရှင်းလင်းလင်း မြင်ရတာ မတွေ့ရဖြစ်ခဲ့သည်။
ဒီတော့လည်း ထန်းပင် ထန်းရွက်တွေ၏ သဘာဝအလှကို ပြသပေးလိုက်ရပါတော့သည်။