May you be blessed.
Today, while on a short trip, I took a photo of a flower in full bloom.
The flowers have 5 petals and are white, which is so cute.

The white on green is clean and refreshing to the eye.
The beauty of green and white together makes me feel the peace of nature's colors.

Because I can see the shadows of leaves and flowers, I am sharing the beauty of white flowers in the Shadow Hunters Community.
May your lives be as beautiful as flowers.

မင်္ဂလာရှိကြပါစေ။
ဒီနေ့တော့ ခရီးတိုသွားရင်း ပန်းပင်တစ်ပင် ပွင့်ဝေနေတာကို ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
ပန်းပွင့်လေးတွေက ပွင့်ဖက် ၅ ခု ရှိပြီး ဖြူဖွေးနေတာက ချစ်စရာပါ။
အစိမ်း ပေါ်မှာ အဖြူ ဆင့်ထားတာက ကြည်လင်ရှင်းသန့်ပြီး ကြည့်မြင်ရသူ မျက်စိ အေးမြစေပါတယ်။
အစိမ်း အဖြူ ယှဉ်တွဲနေသော အလှကို ကြည့်ရှုခံစားရင်း သဘာဝအရောင်တွေ၏ ငြိမ်းအေးမှုရသကို ခံစားရပါတယ်။
သစ်ရွက် ပန်းပွင့်လေးတွေ၏ အရိပ်ကို မြင်တွေ့ရသောကြောင့် Shadow Hunters Community ၌ အဖြူရောင် ပန်းပွင့်လေးတွေ၏ အလှကို ဖော်ပြပေးလိုက်ပါတယ်။
မိတ်ဆွေတို့၏ ဘဝလည်း ပန်းကဲ့သို့ မွှေးမြလှပကြပါစေ။