May you be filled with all blessings.
It is also not good to travel in the area where I live.
Because if we meet a terrorist army on the road, we can be arrested and robbed.
Or we can be recruited into the army.
So when we travel, we check for terrorist army lines on the road.
We usually go on business trips only when the road is clear.
I can't go to every village like I used to. I only go to the nearest village.
On my way back from the village I visited this morning, I came across a sunflower field.
The sunflower field is not uniform. The plants are sparse and not uniform in height.
The soil moisture is low because the sowing time is late, and the sunflowers are not growing well.
I was looking at the beauty of the sunflowers and took photos with my phone camera.
I was happy to pass by the sunflower field when I needed photos for the Phone Photography Contest this week.
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
ကျွန်တော် နေထိုင်ရာဒေသ၌လည်း ခရီးသွားလို့ မကောင်းတော့ပါ။
အဘယ်ကြောင့်ဆိုသော် လမ်းခရီး၌ အကြမ်းဖက်စစ်တပ် နှင့် တွေ့လျှင် ဖမ်းဆီး ငွေညစ် ခံရနိုင်သည်။
သို့မဟုတ်ကလည်း စစ်သားစုဆောင်းရေးထဲ ပါသွားနိုင်သည်။
ဒီတော့ ကျွန်တော်တို့သည် ခရီးသွားမည်ဆိုလျှင် လမ်းကြောင်း၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်း သတင်းကို စုံစမ်းရသည်။
လမ်းကြောင်းရှင်းမှသာလျှင် အလုပ်ကိစ္စခရီး သွားကြရလေ့ရှိသည်။
ကျွန်တော်သည်လည်း ယခင်ကကဲ့သို့ သွားနေကြကျေးရွာတိုင်းဆီသို့ မသွားရောက်နိုင်တော့ပါ။
ရွာနီးခြင်း ကျေးရွာသို့သာ သွားဖြစ်ပါတော့သည်။
ယနေ့မနက်က သွားရောက်ခဲ့သည့် ကျေးရွာမှ အပြန်၌ နေကြာခင်း တစ်ခုထဲသို့ ဝင်ဖြစ်ခဲ့ပါသည်။
နေကြာခင်းက အပင်တွေသည် မညီညာကြပါ။
အပင်ပေါက်ကျဲပြီး အရပ်အမြင့်လည်း မညီကြပါ။
မျိုးစေ့ချချိန် နောက်ကျသောကြောင့် မြေအစိုဓာတ်နည်းကာ နေကြာပင် ဖွံ့ထွားမှုနည်းခြင်း ဖြစ်ပါသည်။
ကျွန်တော်ကတော့ နေကြာပန်းတွေ၏အလှကို ရှုစားပြီး Phone Camera ဖြင့် ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
ဒီတစ်ပတ် Phone Photography Contest အတွက် ပုံများ လိုအပ်နေချိန် နေကြာပန်းခင်း နဘေး ဖြတ်သွားရတော့ ပျော်ရွှင်မိခဲ့တာပေါ့။