May you be blessed.
The Burmese Thadingyut festival has ended.
In my area, it was a peaceful time.
However, in some areas, during the festival, the terrorist army dropped bombs on the people, killing many Burmese civilians.
I can't help them, so I have to live on my own.
I am single and living comfortably.
I work every day to make a living and live a peaceful life in the countryside.
Since I discovered HIVE Blockchain, I have found a peaceful life where I can enjoy the beauty of the countryside and share it with others.
Why do people so often kill each other out of greed and anger?
Those who are greedy for power are more cruel than those who are greedy for money and wealth.
My nature is that I don't want to cause harm to others for the sake of my own well-being.
That's why I'm sharing photos so that you can enjoy the peaceful scenery of the countryside as much as I enjoy it.
I'm grateful to Hive Blockchain and my friends for allowing me to live such a peaceful life.
မင်္ဂလာရှိကြပါစေ။
မြန်မာတို့၏ သီတင်းကျွတ်မီးထွန်းပွဲတော်ကာလကတော့ ပြီးဆုံးသွားပါပြီ။
ကျွန်တော် နေထိုင်ရာဒေသမှာတော့ ဒီကာလမှာ သာသာယာယာရှိခဲ့ပါတယ်။
သို့ပေမယ့် အချို့ဒေသမှာတော့ မီးထွန်းပွဲတော် ကျင်းပနေစဉ် အကြမ်းဖက်စစ်တပ်က ပြည်သူတွေအပေါ် ဗုံးများကြဲချလို့ မြန်မာနိုင်ငံသားသာမန်ပြည်သူတွေ များစွာ သေဆုံးကြရပါတယ်။
ကျွန်တော်သည်လည်း သူတို့တွေကို မကူညီနိုင်သောကြောင့် မိမိဘာသာ စိတ်ဖြေကာသာ နေထိုင်ရပါတယ်။
ကျွန်တော့် တစ်ကိုယ်စာကတော့ အဆင်ပြေစွာ နေထိုင်နေရပါသည်။
စားဝတ်နေရေးအတွက် နေ့စဉ် ပုံမှန် အလုပ်လုပ်နေရင်း ကျေးလက်သဘာဝထဲမှာ ငြိမ်းချမ်းစွာ ဘဝကို ဖြတ်သန်းနေပါတယ်။
HIVE Blockchain ကို တွေ့ရှိထားခဲ့တော့ ကျေးလက်သဘာဝအလှတွေ ခံစားရင်း မျှဝေပေးရတာ ငြိမ်းအေးတဲ့ ဘဝပါပဲ။
ဘာကြောင့်များ လူတွေ လောဘ ဒေါသတွေ သောင်းကြမ်းကာ လူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်နေကြသလဲ။
ငွေကြေးဓန မက်မောသူတွေ ထက် အာဏာ မက်မောသူတွေက ပိုမို ရက်စက်ယုတ်မာတတ်ကြပါတယ်။
ကျွန်တော့်သဘောသဘာဝကတော့ တစ်ဘဝစာ ကောင်းစားရေးအတွက် အများသူငှာကို ဒုက္ခမပေးချင်ပါဘူး။
ဒါကြောင့်သာပဲ ကျေးလက်သဘာဝရှုခင်းတွေကို ကြည့်မြင်ခံစားရင်း ကျွန်တော် သာယာသကဲ့သို့ မိတ်ဆွေတို့ သာယာနိုင်စေရန် ဓာတ်ပုံတွေ မျှဝေပေးနေဖြစ်ပါတယ်။
ဒီလို ငြိမ်းချမ်းသာယာတဲ့ ဘဝလေးမှာ နေထိုင်ရလို့ Hive Blockchain နှင့် မိတ်ဆွေတွေကို ကျေးဇူးတင်နေမိပါတယ်။