Hello all my friends...
Regarding the fact that I bought the WOO Raven Pack the other day, as far as I have learned, I can see that the WOO Raven Pack is not purchased very often. We see a very different price drop, not a different one. I don't know why, WOO Token and WOO Alpha Pack purchased, even if it's a gift, will get WOO Token back.
It is not because I know that I continue to describe the statistics that have not yet been completed, but I am posting so that people like me who do not yet know can know what I have seen. For those who already know, you can skip the post without reading. Now, I would like to continue to explain the rest of the Man Roster.
Billy Mayhem(Blazing)
Height 5'11"
Weight: 165 lbs
Finisher: Sky High Splash
Wrestling Style: High Fly
Billy Mayhem(Blazing) has been infuriated by his lightning-quick striking, dominating opponents around the world. He would become a champion, referring to his lightning-quick streaks of success.
Enrique Alvaro(The Playboy)
Height: 6'4"
Weight: 235 lbs
Finisher: Low Blow
Wrestling Style: Technical
An attractive player and a former wrestling champion who is destined to be the most famous wrestler, if you have to play with him, be sure to pay attention to the reference points.
(
Ryker Voigt
Height: 6'2"
Weight: 223 lbs
Finisher: German Suplex
Wrestling Style: Technical
Ryker Voigt's attack is magical as well as technical. His main plot is the arrest plot. He said that he could capture and defeat anybody.
With all due respect -
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
လွန်ခဲ့တဲ့ရက်က ကျွန်တော် WOO Raven Pack ဝယ်ယူထားခဲ့မိတဲ့အကြောင်းရေးခဲ့ပါတယ်။ ကျွန်တော်လေ့လာမိသလောက် WOO Raven Pack ကို ဝယ်ယူမှုနည်းတယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ဈေးနှုန်းက အကျဖက်ကိုပဲ ဦးတည်နေတာကို မြင်ရပါတယ်။ မကွာခြားတဲ့ ဈေးနှုန်းကျခြင်းမဟုတ်ပဲ အလွန်ကွာခြားတဲ့ဈေးနှုန်းကို ကျဆင်းနေတာတွေ့ရပါတယ်။ ဒါဟာ ဘာ့ကြောင့်ဖြစ်ရသလဲဆိုတာကိုတော့ မသိပါဘူး။ မည်သို့ပင်ဆိုစေကာမူ ဝယ်ယူထားတဲ့ WOO Token နဲ့ WOO Alpha Pack ကတော့ နေ့စဉ် WOO Token ပြန်ရနေပါတယ်။
မပြီးမပြတ်သေးတဲ့ Rosters တွေအကြောင်းကို ဆက်လက်ဖော်ပြပါမယ်။ သိလို့ တတ်လို့မဟုတ်ပဲ တွေ့ထား မြင်ထားတာလေးတွေကို ကျွန်တော်ကဲ့သို့ မသိသေးသောသူများ သိနိုင်ကြရန်အတွက် ရေးတင်နေခြင်းဖြစ်ပါတယ်။ သိပြီးသူများကတော့ Post ကို မဖတ်ပဲ ကျော်သွားနိုင်ပါတယ်ဗျာ။ အခုကျန်ရှိနေသေးတဲ့အထဲက Man Roster များကို ဆက်လက်ဖော်ပြပေးလိုပါတယ်။
Billy Mayhem(Blazing)
Height: 5'11"
Weight: 165 lbs
Finisher: Sky High Splash
Wrestling Style: Highflying
Billy Mayhem(Blazing) ဟာ သူ့ရဲ့ လျှပ်စစ်စီးကြောင်းများလက်သလို လျင်မြန်တဲ့တိုက်ကွက်ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးက ပြိုင်ဘက်တွေသာမက ပွဲကြည့်သူတွေပါ အံ့ဩချီးမွမ်းရပါတယ်။ သူ့ရဲ့ တိုက်ကွက်တွေဟာ လျင်မြန်သွက်လက်လွန်းအားကြီးလို့လည်း လျှပ်စီးလက်တာနဲ့ နှိုင်းယှဉ် ပြောဆိုနေကြတာပဲဖြစ်ပါတယ်။ သူ့ရဲ့လျှပ်စစ်စီးကြောင်းလို လျင်မြန်မှုကြောင့်လည်း လူသိများလာရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အမြင့်ပျံတိုက်ကွက်များကို အောင်မြင်စွာ လေ့ကျင့်ပြီးတဲ့အချိန်မှာ အားကစားချန်ပီယံတစ်ယောက်ဖြစ်လာမယ်လို့လည်း မျှော်လင့်နေကြပါတယ်။
Enrique Alvaro(The Playboy)
Height: 6'4"
Weight: 235 lbs
Finisher: Low Blow
Wrestling Style: Technical
ဆွဲဆောင်မှု အပြည့်ရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အထင်ရှားဆုံးသော နပမ်းသမားတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ နပမ်းချန်ပီယံဟောင်းတစ်ဦးဖြစ်တဲ့အတွက် သူနဲ့ယှဉ်ပြိုင်ကစားရမယ်ဆိုရင် သူ့ရဲ့ အားနည်းချက် ကိုယ့်ရဲ့အားနည်းချက်တွေကို သေချာလေ့လားထားသင့်ပါတယ်။
Ryker Voigt
Height: 6'2"
Weight: 223 lbs
Finisher: German Suplex
Wrestling Style: Technical
Ryker Voigt ရဲ့တိုက်ခိုက်မှုဟာ မှော်ဆန်တဲ့အပြင် နည်းပညာလည်းပါရှိပါတယ်။ သူ့ရဲ့အဓိက တိုက်ကွက်က ဖမ်းချုပ်းသတ်ကွက်ဖြစ်ပါတယ်။ ဘယ်လိုလူမျိုးကိုမဆို ဖမ်းချုပ်ပြီး အနိုင်ယူနိုင်တယ်လို့ ဆိုပါတယ်။
အားလုံးကို လေးစားလျှက် -