Hello all my friends...
A few days ago, I bought WOO Alpha Pack, WOO Saturn Pack, and WOO Raven Pack, but these days I didn't buy any of the packs. I didn't buy a pack, but I still bought WOO Tokens. It wasn't much, but I was able to buy as little as I had. WOO Alpha Pack, WOO Raven Pack could not be purchased again. I have not opened the WOO Alpha Pack that I bought before, so I am getting WOO Tokens every day. Staking WOO Tokens also earn WOO Tokens daily. It's not bad. Some of the existing WOO Tokens have been staking, while others have not done anything yet. This means that I want to buy the WOO Alpha Pack that will be sold at the upcoming WOO General Sale.
The WOO General Sale will be on sale soon, so friends are also encouraged to collect WOO Tokens. WOO General Sale only (18) days left. I am urging people who are interested because they will forget.
I've mentioned the WOO General Sale to remind you, so let me continue with the Men Rosters I'm currently writing. Now, the remaining (3) men from the Men Roster will be revealed.
All Image Link
TITAN
TITAN is said by many to be a human god among humans. He himself is said to possess incredible powers. His height is 6 feet 9 inches, so he must have been a very large and strong man. He is said to be a big man who holds many world records. We will see his violent attacks soon. It is said that he is a big and strong man, but he loves children very much.
Height: 6'9"
Weight: 310 lbs
Finisher Superman Punch
Wrestling Style: Powerhouse
As for me, I still want to have a TITAN card if possible.
It will be described further.
With all due respect -
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
အရင်ရက်တွေတုံးက WOO Alpha Pack, WOO Saturn Pack, WOO Raven Pack ဝယ်ယူခဲ့ပေမယ့် ခုရက်ပိုင်းမှာတော့ Pack တစ်ခုမှ မဝယ်ဖြစ်ပါ။ Pack မဝယ်ဖြစ်ပေမယ့် WOO Token တွေတော့ ဝယ်လိုက်ပါသေးတယ်။ အများကြီးမဟုတ်ပေမယ့် ရှိသလောက်လေးနဲ့ ဝယ်ယူထားနိုင်ခဲ့ပါတယ်။ WOO Alpha Pack, WOO Raven Pack တွေကိုတော့ ထပ်မံဝယ်ယူနိုင်ခြင်းမရှိခဲ့ပါဘူး။ အရင်က ဝယ်ယူထားတဲ့ WOO Alpha Pack ကို မဖွင့်ပဲနဲ့ထားတဲ့အတွက် နေ့စဉ် WOO Token လေးတွေရနေပါတယ်။ Staking လုပ်ထားတဲ့ WOO Token များမှလည်း နေ့စဉ် WOO Token တွေ ရပါတယ်။ မဆိုးလှပါဘူးဗျာ။ ရှိနေတဲ့ WOO Token တွေထဲက တချို့ကိုလည်း Staking လုပ်ထားပြီး တချို့ကိုတော့ ဘာမှမလုပ်သေးဘဲ ဒီအတိုင်းထားလိုက်ပါတယ်။ ဒီအတိုင်းထားတယ်ဆိုတာက လာမယ့် WOO General Sale မှာရောင်းပေးမယ့် WOO Alpha Pack ကို ဝယ်ယူချင်လို့ပဲဖြစ်ပါတယ်။
WOO General Sale ကလည်း သိပ်ရက်မကြာခင်မှာ ရောင်းချပေးတော့မှာဖြစ်လို့ မိတ်ဆွေတို့လည်းပဲ WOO Token တွေကို စုထားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ WOO General Sale က (၁၈)ရက်ပဲကျန်ပါတော့တယ်။ စိတ်ဝင်စားတဲ့သူများကို မေ့နေမှာစိုးလို့ တိုက်တွန်းနေခြင်းဖြစ်ပါတယ်။
WOO General Sale ကို သတိရစေဖို့ပြောပြီးပြီဖြစ်လို့ ကျွန်တော်ရေးလက်စ Men Rosters တွေအကြောင်းကို ဆက်လက်ရေးပါရစေ။ အခုဖော်ပြမှာကတော့ Men Roster တွေထဲက ကျန်ရှိနေတဲ့ (၃)ယောက်ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
All Image Link
TITAN
TITAN ကို လူအများက လူသားများကြားက လူဘုရားသခင်ဖြစ်တယ်လို့ ပြောဆိုကြတယ််လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း မယုံကြည်နိုင်လောက်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတယ်လို့ ပြောဆိုတတ်ပါတယ်။ သူ့ရဲ့အရပ်အမောင်းက ၆ ပေ ၉ လက်မ ရှိတယ်ဆိုတော့ အလွန်ထွားကြိုင်းတဲ့ လူသန်ကြီးဖြစ်မှာသေချာသလောက်ပါပဲ။ သူဟာလည်း ကမ္ဘာ့စံချိန်အတော်များများကို ပိုင်ဆိုင်ထားခဲ့တဲ့လူထွားကြီးတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့အကြမ်းစားတိုက်ကွက်တွေတော့ မကြာခင်မှာ မြင်တွေ့ကြရပါတော့မယ်။ လူကောင်ထွားပြီး သန်မာတဲ့လူသန်ကြီးဖြစ်ပေမယ့် ကလေးများကိုတော့ အလွန်ချစ်ခင်မြတ်နိုးတတ်တယ်လို့ ဆိုပါတယ်။
Height: 6'9"
Weight: 310 lbs
Finisher Superman Punch
Wrestling Style: Powerhouse
ကျွန်တော်အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် TITAN တစ်ကတ်လောက်တော့ ပိုင်ဆိုင်ထားချင်ပါသေးတယ်။
ဆက်လက်ဖော်ပြပါအုံးမည်။
With all due respect -