မင်္ဂလာညနေခင်းပါ။
စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ဘုရား ဖူးပြီး သဘာဝအလှ ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ယူခဲ့တော့ တောတော စေတီဘုရား သစ်ပင်တွေနဲ့ ပုံတွေသာ ခဏခဏ တင်ဖြစ်ပါတယ်။
တင်ပြီးသား ပုံတွေကိုတော့ ပြန်မသုံးဖြစ်အောင် ဖျက်ပစ်ပါတယ်။
တောတောင်သဘာဝ စိမ်းလန်းစိုပြေနေတာ မြင်ရတော့ မျက်စိကြည်လင် ဘဝင်အေးချမ်းရတယ် မဟုတ်လား။
အပူအပင်သောကတွေ များနေတဲ့ ခုလိုကာလမှာ ရှင်ကျန်နေအောင် ကြိုးစားနေရင်း ခဏတာ သာယာငြိမ်းအေးမှုကိုလည်း ရယူခံစားရပါတယ်။
မိတ်ဆွေများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။