Hello everyone! Today, I want to share a beautiful, trending song from TikTok titled "The Night We Became Us" by Leonard Jeffrey Paul. I will also talk about how this song connects to my passion for music and my journey in the Rising Star game.
အားလုံးပဲ မင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ TikTok မှာ လူကြိုက်များနေတဲ့ Leonard Jeffrey Paul ရဲ့ "The Night We Became Us" ဆိုတဲ့ သီချင်းအေးအေးလေးတစ်ပုဒ်အကြောင်းနဲ့ ကျွန်မဝါသနာပါတဲ့ Rising Star ဂိမ်းခရီးလမ်းအကြောင်းကို မျှဝေပေးချင်ပါတယ်။
The lyrics of this song are simple yet deeply touching, especially lines like "You are my sun, you are my star." It expresses a pure and sincere love, with the artist even mentioning the desire "To be my wife," which represents a beautiful lifelong commitment.
ဒီသီချင်းလေးရဲ့ စာသားတွေက ရိုးရှင်းပေမဲ့ ရင်ထဲကို တကယ်ရောက်ပါတယ်။ "မင်းဟာ ငါ့ရဲ့ နေမင်း၊ ငါ့ရဲ့ ကြယ်ပွင့်" ဆိုတဲ့ တင်စားချက်တွေက ချစ်သူကို ဘယ်လောက်တန်ဖိုးထားကြောင်း ပြသနေသလို၊ "ငါ့ရဲ့ ဇနီးအဖြစ် လက်တွဲပေးပါ" ဆိုတဲ့ စာသားလေးကလည်း စစ်မှန်တဲ့ ကတိကဝတ်ကို ဖော်ပြနေတာမို့ အရမ်းကို ရိုမန်တစ်ဆန်ပါတယ်။
For those who love playing guitar, this song is perfect because it only uses four basic chords: C, Am, F, and G. It is a very easy and relaxing song to play during your free time.
ဂစ်တာတီးရတာ ဝါသနာပါတဲ့ သူငယ်ချင်းတွေအတွက်လည်း ဒီသီချင်းက တီးရတာ အရမ်းလွယ်ကူပါတယ်။ C, Am, F, G ဆိုတဲ့ အခြေခံ Chord လေးလုံးတည်းနဲ့တင် တစ်ပုဒ်လုံးကို အေးအေးဆေးဆေး တီးခတ်လို့ ရပါတယ်နော်။
As a music lover, I also spend a lot of my time on the Rising Star Game within the Hive Blockchain. Just like learning a new song, Rising Star allows us to grow our music career from a simple Busker to a legendary Mega Star.
ဂီတကို မြတ်နိုးတဲ့သူတစ်ယောက်အနေနဲ့ Hive Blockchain ပေါ်က Rising Star Game ကိုလည်း ပုံမှန်ကစားဖြစ်ပါတယ်။ သီချင်းအသစ်တစ်ပုဒ်ကို လေ့ကျင့်ယူရသလိုပဲ၊ ဒီဂိမ်းကလည်း ကျွန်မတို့ကို လမ်းဘေးဂီတပညာရှင်ဘဝကနေ ကမ္ဘာကျော်ကြယ်ပွင့်တစ်ယောက်ဖြစ်လာအောင် ကြိုးစားရတဲ့ အတွေ့အကြုံတွေကို ပေးပါတယ်။
In the game, I enjoy collecting various instrument cards to increase my skills. Every great song needs the right instruments, and in Rising Star, every card helps me reach higher levels and earn more rewards.
ဂိမ်းထဲမှာ Skill တွေတက်ဖို့ တူရိယာကတ်တွေကို စုဆောင်းရတာကလည်း ကျွန်မအတွက်တော့ ရင်ခုန်စရာပါပဲ။ သီချင်းကောင်းတစ်ပုဒ်ဖြစ်ဖို့ တူရိယာကောင်းတွေ လိုအပ်သလို၊ Rising Star မှာလည်း ကတ်အသစ်တွေ စုဆောင်းခြင်းက Level အမြင့်တွေကို ရောက်ဖို့ အထောက်အကူပြုပါတယ်။
Currently, I am focused on reaching new milestones and collecting special seasonal cards. Playing this game while listening to peaceful tracks like "The Night We Became Us" makes my daily routine much more enjoyable.
လက်ရှိမှာတော့ ကျွန်မ Level အသစ်တွေဆီ ရောက်ဖို့နဲ့ အထူးကတ်လေးတွေကို စုဆောင်းဖို့ အာရုံစိုက်နေပါတယ်။ ဒီလို သီချင်းအေးအေးလေးတွေ နားထောင်ရင်း ဂိမ်းကစားရတာက ကျွန်မရဲ့ နေ့စဉ်ဘဝကို ပိုပြီး ပျော်ရွှင်စေပါတယ်ရှင့်။
Let’s keep rocking in both the real world and the Rising Star universe!
ပြင်ပလောကမှာရော Rising Star ဂိမ်းကမ္ဘာမှာပါ ဂီတနဲ့အတူ အောင်မြင်အောင် အတူတူ ဆက်လက်ကြိုးစားသွားကြရအောင်နော်။
Rising Star ဂိမ်းကို ကစားရင်းနဲ့ ကိုယ့်ရဲ့ တိုးတက်မှုကို အထောက်အကူဖြစ်စေမယ့် ကတ်ကောင်းကောင်းလေးတွေ စုဆောင်းရတာ တကယ်ကို ပျော်စရာကောင်းပါတယ်။ ဒီနေ့မှာတော့ ကျွန်မ စောင့်ကြည့်နေခဲ့တဲ့ E215 Pumper 80 ဆိုတဲ့ Epic တူရိယာကတ်လေးကို ဝယ်ယူဖြစ်ခဲ့ပါတယ်။
ဒီကတ်လေးရဲ့ ထူးခြားချက်တွေကတော့-
Card Name: E215 Pumper 80
Type: Epic Instrument (Microphone)
Luck: 200 Luck တောင် ပါဝင်ပါတယ်။
Total Supply: ၁၅၀၀ ပဲ ထုတ်ထားတာဖြစ်ပြီး အခုဆိုရင် Discontinued (ထုတ်လုပ်မှု ရပ်ဆိုင်း) ဖြစ်သွားပြီမို့ တော်တော်လေး တန်ဖိုးရှိတဲ့ ကတ်တစ်ခုပါ။
ကျွန်မ ဒီကတ်လေးကို Market မှာ ရှာဖွေကြည့်တဲ့အခါ ဈေးနှုန်းအမျိုးမျိုး ရှိနေတာကို တွေ့ရပါတယ်။ အနိမ့်ဆုံး 320,000 STARBITS ကနေ စတင်ရောင်းချနေတာရှိသလို၊ ကျွန်မကတော့ 0.92 SWAP.HIVE နဲ့ အဆင်ပြေပြေ ဝယ်ယူလိုက်နိုင်ပါတယ်။
ဒီကတ်မှာပါတဲ့ "Pump up the volume, pump up the volume" ဆိုတဲ့ စာသားလေးအတိုင်း ကျွန်မရဲ့ ဂိမ်း Luck တွေကို မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ Epic ကတ်လေး တစ်ခုပိုင်ဆိုင်ရတာဟာ ဂိမ်းထဲမှာ ပိုပြီး အောင်မြင်မှုတွေ ရဖို့အတွက် ခွန်အားတစ်ခုပါပဲ။
Rising Star ကစားဖော် သူငယ်ချင်းများလည်း အခုလိုမျိုး ကိုယ်နှစ်သက်တဲ့ Limited Edition ကတ်လေးတွေ စုဆောင်းနိုင်ကြပါစေရှင်။
