
Hello, Namasthe
Nice to meet you all. How about you. I hope and wish all both healthy and richly.
Manchester United will play with New Castle United at 2:45 AM (GMT+ 6:30). They meet at Carabao Cup (EFL) Round Four. Can United win or Can Castle revenge for the losing of last Carabao Cup Final.
Current situation, New Castle is more stronger and stable than United. That is the truth. I'm United fan but our Team isn't in best position. Even in normal condition. We need to make many changes to get back our real United. Since Sir Alex left the United, we are no more Bigger, Biggest Team for other Teams. That was really sad for fans.
Is United a cursed place for Manager and players because of Team condition and situation. Let hope Team can do the right things and changes for come back stronger. Let support United till the end.
Once red always red
Once red forever red

Photo from Manchester United Facebook page
........... ........... ........... ........... ...........

Photo from Carabao Cup Facebook page
........... ........... ........... ........... ...........
နက်ဖြန် မနက် မြန်မာစံတော်ချိန် 2:45 AM မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ် ယူနိုက်တက်တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ ကာရဗောင်းလိဂ်ကပ်ဖလားပွဲ ဖြစ်၏။ မနှစ်က ဗိုလ်လုပွဲ ရှုံးကြွေးကို နယူးတို့ ပြန်ဆက်နိုင်မလားကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ လက်ရှိ အခြေအနေအရတော့ နယူးက မန်ယူထက် အဖက်ဖက် အရာရာမှာ သာနေ၏။ အသင်း စုဖွဲ့မှု၊ အသင်းလိုက် ကစားပုံ၊ ကစားကွက်၊ ကစားဟန်က အစ နယူးက အကုန်သာနေ၏။ Premier League အမှတ်ပေး ဇယားမှာလည်း နယူးက မန်ယူ၏ အထက်မှာ ရှိနေ၏။
လူအများ လှောင်ပြောင် နေကြသလိုပါပဲ ယူနိုက်တက်တို့ အသင်းကြီး တသင်း အခြေအနေမှာ မရှိနေခဲ့တာ အတော်လေး ကြာခဲ့ပြီ ဖြစ်၏။ ဆာအဲလက်၏ ခေတ်အလွန်မှာ ရောက်ရှိ ကိုင်တွယ် ကစားနေကြတဲ့ နည်းပြတွေ၊ ကစားသမားတွေ အတွက် မန်ယူဟာ ကျရှုံးရာမြေ၊ ကျိန်စာဆိုးထိရာမြေများ ဖြစ်နေပြီလားကတော့ မေးခွန်းထုတ်ချင်စရာ ဖြစ်လို့လာခဲ့ပါပြီ။
လက်ရှိမှာ ကစားသမားတွေ ကိုယ်တိုင်မှာလည်း ယုံကြည်မှုတွေ ပျောက်ဆုံးနေတာကို မြင်တွေ့ ခံစားမိနေပါတယ်။ အရင်ကဆို ကစားသမား မပြောနဲ့ ပရိတ်သတ်ကအစ ယုံကြည်မှု အပြည့်နဲ့ပါ။ ခုက မယုံရ၊ မယုံရဲ သံသယတွေနဲ့၊ အသင်းကို ချစ်တဲ့စိတ်နဲ့သာ အားပေးနေရတာ၊ ကစားကွက်၊ ကစားပုံ၊ စိတ်ဓါတ်ကအစ အရင် မန်ယူလိုမျိုး မဖြစ်နေ၊ မခံစားရတာကတော့ ပရိတ်သတ်တွေအတွက် ဝမ်းနည်းစရာပါပဲ။
လက်ရှိမှာတော့ အသင်းရဲ့ စီမံခန့်ခွဲပုံနဲ့ ပတ်သက်လို့ မေးခွန်းတွေ ထုတ်နေခဲ့ကြပါပြီ။ ယူနိုက်တက်ဖန်တွေ အားလုံးနီးပါးကတော့ အသင်းပိုင်ရှင်သာ ပြောင်းသွားရင် ပိုကောင်းလာမယ်လို့ တထစ်ချ ယုံကြည်နေကြပါတယ်။ ကျနော်လည်း အပါအဝင်ပေါ့။ Premier League နဲ့ Europe မှာ ဆယ်စုနှစ်စာမက ကြီးစိုးခြယ်လှယ်ခဲ့ဖူးတဲ့ မန်ယူလို အသင်းကြီး တသင်း အနေနဲ့ကတော့ ခုလို အဖြစ်မျိုးဟာ နည်းနည်းလေးမှ လက်ခံ နိုင်စရာ မရှိပါဘူး။
ကစားကွက်၊ ကစားပုံ တိတိကျကျ ကောင်းကောင်းမွန်မွန်ကမရှိ။ ရှုံးပွဲတွေဆက်ပြီးရင် တပွဲတလေလည်း ထပြီး နိုင်ပေးလိုက်နဲ့ ဒီလိုကြီးပဲ သံသရာလည်နေခဲ့တာ ကြာနေခဲ့ပါပြီ။ နက်ဖြန် မနက် အစောပိုင်းမှာ ကစားမည့် နယူးကာဆယ်နဲ့ ပွဲမှာကော ဘယ်လို ရလဒ်တွေ ရယူနိုင်မလဲကို စောင့်ကြည့်ရပါဦးမယ်။ သေချာတာတော့ ကျနော်တို့လို ဖန်တွေမှာ အားလျော့ ဝမ်းနည်းနေရတာကတော့ အမှန်ပါပဲ။
