Hello, Namasthe
Nice to meet you all. FPL game week (9) is 100% ended. At early morning 1:30 AM (GMT+6:30) Tottenham Hotspur play with Fulham. Tottenham win with 2-0 and the back to the top 1 at Premier League. Top 1 Tottenham different 2 points with Manchester City (2nd place) and Arsenal (3rd place). Sonny and Maddison score for Tottenham to get 3 points. By the way I like Heung-Min Son (Sonny) who represent for both Korea and Asia. We really proud for Sonny.
Because of Tottenham and Sonny's goal I get more points. Now my Team Cygnus FC get total 60 points for game week (9). But still lower than average. (Hee Hee). That is me. Average 67 and highest 152 for game week (9). Before this match, my Team get 37 points. So I got 23 points from Tottenham players (Romero and Sonny).
My Team Cygnus FC standing at the bottom of Ranking table (Hive FPL). I didn't join the FPL game from start. I joined the FPL game at week (6). That is why my Team get least points at the league and stand at the bottom of Ranking table. I need to plan to get higher rank. To get more points need to focus on all premier league matches. So, I can make new transfer for my Team between game week.
Let prepare for Week (10)
မနက် အစောပိုင်း တနာရီခွဲမှာ စပါး အသင်းဟာ အိမ်ကွင်းမှာ ဖူဟမ် အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေး ဇယားရဲ့ အဆင့် (၁) နေရာကို ပြန်လည် တက်လှမ်းသွားခဲ့ပါတယ်။ ဒုတိယ နဲ့ တတိယနေရာက မန်စီးတီး၊ အာဆင်နယ်တို့ထက် (၂) မှတ် အသာနဲ့ အမှတ်ပေး ဇယားကို ဦးဆောင်ထားပါတယ်။ စပါး အသင်း အတွက် ဂိုးတွေကို အာရှသားလေး ဆွန်နီနဲ့ မက်ဒီဆင်တို့က သွင်းယူပေးခဲ့ ကြပါတယ်။
စပါး ကစားသမား (၃) ယောက် ပါဝင်နေတဲ့ ကျနော့်အသင်း Cygnus FC အတွက် အမှတ်လေး အနည်းငယ် ထပ်ရခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အမှတ်တွေ ထပ်ရရ ပျမ်းမျှထက်တော့ မပိုခဲ့ပါဘူး။ ခုထိတော့ ပျမ်းမျှရဲ့ အောက်ပဲ ရနေပါသေးတယ်။
Hive FPL league မှာတော့ ကျနော့်အသင်းက အဆင့် (၈၀) ဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒါကလည်း ကျနော်က FPL ကို week အစ ကတည်းက မ join နိုင်ခဲ့တာလည်း ပါပါတယ်။ week (6) ရောက်မှသာ စပြီး join နိုင်ခဲ့လို့ အမှတ်ရရှိမှုက ခုလို နည်းပြီး နောက်ကျနေရတာပါ။ အဆင့် (၇၉) က အသင်းနဲ့ အမှတ်အားဖြင့် (၁၅၀) လောက် ကွာနေတာမို့ တော်တော်လေး လိုက်ယူရဦးမှာပါ။ နောက်လာမယ့် week တွေမှာ ကစားသမား ပြောင်းတာတွေ ဘာတွေ လုပ်ဖို့ လိုပါလိမ့်မယ်။ အမှတ်များများ ယူပေးနိုင်မယ့် ကစားသမားတွေကို ရွေးချယ် ထည့်သွင်းနိုင်ဖို့ လိုအပ်လို့ နေပါပြီ။
ဘယ်ကစားသမားတွေက အမှတ် ပိုရယူပေးနိုင်တာကို သိနိုင်ဖို့ နောက်လာမယ့် premier league ပွဲစဉ်တွေကို ယခုထက် ပိုပြီး အာရုံစိုက်ထားဖို့ လိုအပ် နေခဲ့ပါပြီ။
Game week (10) အတွက် ပြင်ဆင်ရင်း မကြာခင် ပြန်တွေ့ ကြတာပေါ့။