Hello
Nice to meet you all. How about you. I hope and wish you both healthy and richly.
Did you watch and support all football matches, also including Women football matches. As you know I'm Manchester United fan. I support both Men and Women Manchester United football clubs. I'm also watch Women Super League (WSL) when I have some free time. I already watched WSL since last year. My favorite player is Ella Toone who wear number 7. She's also National player of England Women football Team.
Last season United standing No 2 at Ranking table. We nearly close for Champion title but unfortunately we miss. That was too hurt for United fans. This season Alessia Russo left our Team and she's now Arsenal Women Football Team player. Last season Toone and Russo are nice duos for United. There is good connection between them, both physically and mentally. I don't know why Russo transfer from United to Arsenal. But we wish Russo to get many successful at Arsenal.
Tonight (11 pm, GMT +6:30) there is Derby match. Another Manchester Derby, not men Team, women Team Derby. After playing 7 matches (just Chelsea and Liverpool, the rest of Teams played 6 matches) United standing No 3 (12 pts) and City standing No 6 (10 pts) at Ranking table. I'm surethis is the big match for Supper Sunday.
ဘောလုံးပွဲတွေကိုက အမျိုးသားပွဲတွေပဲ ကြည့်ဖြစ်ကြသလား။ အမျိုးသမီးပွဲတွေကော ကြည့်ဖြစ်ကြသေးလားဗျ။ ကျနော်ကတော့ မကြာခဏ ကြည့်ဖြစ်ပါတယ်။ အင်္ဂလန် အမျိုးသမီးလိဂ်ပွဲလို့ ပြောလို့ရတဲ့ WSL ပွဲတွေ တော့ အလျဉ်းသင့်ရင် သင့်သလို ကြည့်ဖြစ်၏။ အထူးအားဖြင့်တော့ ထုံးစံအတိုင်း ယူနိုက်တက် အမျိုးသမီးပွဲစဉ်တွေပေါ့။
ယူနိုက်တက် အမျိုးသမီးအသင်းမှာ အကြိုက်ဆုံး ကစားသမားကတော့ Ella Toone ဖြစ်ပါတယ်။ နံပတ် 7 ဝတ်ဆင် ကစားသူပေါ့။ ကျနော့် အကြိုက်ဆုံး နံပတ်ဝတ်ထားတဲ့ အကြိုက်ဆုံး ကစားသမားပေါ့။ သူမဟာ အင်္ဂလန် အမျိုးသမီးလက်ရွေးစဉ်အသင်းရဲ့ ကစားသမားလည်း ဖြစ်ပါသေးတယ်။ အမျိုးသား အသင်းမှာဆိုရင်တော့ ဝိန်းရွန်နေးပေါ့။ သူကတော့ ကစားသမားဘဝကနေ အနားယူပြီး နည်းပြ ဖြစ်နေပါပြီ။
ဒီနေ့မှာတော့ မန်ချက်စတာ Derby ပွဲစဉ် ရှိနေပါတယ်။ အမျိုးသားအသင်းတော့ မဟုတ်ပါဘူး၊ အမျိုးသမီးအသင်း ဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာ ယူနိုက်တက်က အဆင့် ၃၊ စီးတီးက အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ တခြား လိဂ်ပွဲစဉ်တွေ ရပ်နား ထားချိန်မှာ WSL လိဂ်လေး ရှိနေတာက ရသေ့စိတ်ဖြေစရာလေး ဖြစ်နေခဲ့ပါတယ်။ ဒီတပတ်ရဲ့ အကောင်းဆုံး ပွဲစဉ် တပွဲလို့တောင် ပြောလို့ ရမယ် ထင်ပါရဲ့။ ယူနိုက်တက်တို့ စီးတီးကို အနိုင်ရယူသွားနိင်မလားဆိုတာ စောင့်ကြည့်အားပေးလိုက်ရအောင်။
photo from Manchester United Women Facebook page