*Flower Sunflower 🌻
That gives a face to the sun, 🌞
The beautiful Sunflower *🌻
Sunflowers are blooming beautifully in the sunflower field.
Because the sunflower faces the sun, women who only look at wealth and honor are compared to sunflowers.
In fact, if the sunflowers are facing the sun, the seeds will ripen easily, right?
This is the nature of the sunflower.
When I saw a sunflower field while on a trip, I stopped my motorcycle and went to the sunflower field to take a picture.
Sunflower is a crop that can be grown in any season.
Sunflower seeds are roasted and eaten as a snack and used as sunflower oil.
Sunflower seeds and sunflower oil are said to lower blood pressure and support heart health.
I also like sunflower oil as much as I like to eat roasted sunflower seeds.
So I also love sunflowers.
Burmese Language,
ပန်းနေကြာ
နေလာရာ မျက်နှာပေး
အလှသွေးကြွတဲ့ ပန်းနေကြာ။
နေကြာပန်းလေးများသည် နေကြာခင်းထဲမှာ လှပဝေဆာနေကြသည်။
နေကြာပန်းသည် နေလာရာအရပ်သို့ မျက်နှာမူသောကြောင့် ဓနဂုဏ်ကိုသာ ကြည့်တတ်သော မိန်းမတို့ကို နေကြာပန်း နှင့် နှိုင်းတတ်ကြသည်။
တကယ်တော့ နေကြာပန်းတွေက နေရှိရာ အရပ်ကို မျက်နှာမူနေမှ အသီး ရင့်မှည့်လွယ်မည် ဟုတ်တယ်မလား။
ဒါက နေကြာပန်း၏ သဘာဝပါပဲ။
ကျွန်တော် ခရီးတခု သွားရင်း နေကြာပန်းခင်း ကို မြင်ရတာနဲ့ ဆိုင်ကယ်ကို ရပ်နားကာ နေကြာပန်းခင်း သို့ သို့ သွားပြီး ဓာတ်ပုံရိုက်ယူခဲ့သည်။
နေကြာ သည် ဘယ်ရာသီမဆို စိုက်ပျိုးနိုင်သော သီးနှံတမျိုး ဖြစ်သည်။
နေကြာစေ့ ကို အပျင်းပြေ စားစရာ အဖြစ် လှော်ကာ စားသုံးကြသကဲ့သို့ နေကြာဆီအဖြစ် လည်း အသုံးပြုကြသည်။
နေကြာစေ့ နှင့် နေကြာဆီ သည် သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုသည်ဟု ဆိုကြပါသည်။
ကျွန်တော်က နေကြာစေ့လှော် စားရတာ သဘောကျသကဲ့သို့ နေကြာဆီကိုလည်း ကြိုက်ပါသည်။
ဒါကြောင့် နေကြာပန်းတွေကိုလည်း ချစ်မိပါသည်။