Hello.
It rained at night. Electricity comes on occasionally.
The occasional electricity coming is a mockery of frequent power outages.
I couldn't cook rice and dishes with electricity, so I slept without getting up early in the morning.
Even though I slept, I got up at dawn and did what I had to do.
I am not yet in a position where I can retire without working.
At dawn, I went out of the village to see the red dawn.
A pale yellow sunlight can be seen between the cloudy clouds.
I don't want the dullness of yesterday to come this morning.
In order to be happy in the morning, I have to keep my mind clear, right?
I Walked outside the village to the edge of the pagoda.
Clouds can be seen in the water covered with rain.
Will the white and dark clouds rain?
Forecasting the weather is also a work.
I have to go to other villages by motorcycle, so I need to be sunny.
In any case, I have to try and run ahead in life.
Burmese Language,
မင်္ဂလာပါ။
ညက မိုးဖွဲဖွဲကျသည်။ လျှပ်စစ်မီးက ခဏခဏ လာနေသည်။
မီးခဏခဏလာသည် ဆိုသည်မှာ လျှပ်စစ်မီး ခဏခဏ ပြတ်တောက်ခြင်းကို သရော်ပြောခြင်းဖြစ်သည်။
လျှပ်စစ်မီးဖြင့် ထမင်း ဟင်းများ ချက်ပြုတ်လို့မရတော့ မနက်စောစော မထဘဲ အိပ်နေလိုက်သည်။
အိပ်နေလိုက်သည်ဆိုပေမယ့် မိုးလင်းတော့လည်း အိပ်ရာထကာ လုပ်စရာရှိတာ လုပ်ရတာပါပဲ။
အလုပ်မလုပ်ဘဲ အငြိမ်းစားယူနိုင်တဲ့ အနေအထား မရှိသေးဘူးလေ။
မိုးလင်းတာနဲ့ အာရုဏ်ဦးရောင်နီ မြင်ရမလားလို့ ရွာအပြင် ထွက်ကြည့်ဖြစ်သည်။
မှိုင်းဝေနေသော မိုးတိမ်တွေကြားမှာ နေရောင်ဝါဝါဖျော့ဖျော့တော့ မြင်ရသည်။
မနေ့က မှိုင်းနေသော စိတ်ကို ဒီမနက်မှာ ပါမလာစေချင်ပါ။
နံနက်ခင်းချိန်ခါ မင်္ဂလာရှိအောင် စိတ်ကို ကြည်လင်အောင် ထားရမယ် ဟုတ်တယ်မလား။
ရွာအပြင်ဘက် စေတီ အနားထိ လမ်းလျှောက်ဖြစ်ခဲ့သည်။
မိုးရေဝပ်နေသော ရေပြင်မှာ တိမ်တွေကို မြင်ရသည်။
ဖြူမယ်ယောင် ညိုမှောင်နေသော တိမ်တို့က မိုးရွာဦးမလား။
ရာသီဥတုကို ခန့်မှန်းရတာလည်း အလုပ်တခုပါ။
ကျွန်တော်က အခြားသော ရွာတွေဆီ ဆိုင်ကယ် ဖြင့် သွားရမှာဆိုတော့ နေသာဖို့ လိုတယ်လေ။
မည်သို့ပင်ရှိစေကာမူ ဘဝရှေ့ရေး ကြိုးစားပြေးရပေဦးမည်။