Good luck.
It rained lightly this morning.
It wasn't a lot of rain, but it stopped and rained all morning. The
sun came out in the afternoon.
When the rain stopped and the sun shone, I went to another village for work.
There was a landmine explosion and some shooting on the road I used to travel on yesterday.
Luckily, I didn't use that road yesterday.
Today, I heard that the terrorist army is still there, so I didn't go that road.
When I can't go to some of the villages I need to visit due to security reasons, my income decreases.
Living in Myanmar is like a tree by the river.
If the riverbank collapses due to erosion, the tree can also collapse.
When there is a civil war, ordinary people can die at any time.
So today, I am sharing some images of trees by the streambank that I took for the Reflection Hunters Contest.
မင်္ဂလာရှိကြပါစေ။
ဒီမနက် မိုး ဖွဲဖွဲလေး ရွာချခဲ့သည်။
မိုးရေ များများ မပါပေမယ့် ရွာလိုက် ရပ်လိုက်ဖြင့် တစ်မနက်ခင်း ကုန်ခဲ့သည်။
နေ့လည်ပိုင်း ရောက်မှ နေပွင့်လာခဲ့သည်။
မိုးရွာတာ ရပ်ပြီး နေရောင် တောက်ပလာတော့ အလုပ်ကိစ္စဖြင့် အခြားကျေးရွာ သို့ သွားဖြစ်ခဲ့သည်။
ကျွန်တော် သွားလာနေကြ လမ်းတစ်နေရာမှာတော့ မနေ့က မိုင်းဗုံး ပေါက်ကွဲမှု ဖြစ်ပြီး ပစ်ခတ်မှုအချို့ ရှိခဲ့သည်။
ကံကောင်းသည်က မနေ့က ထိုလမ်းကို အသုံးမပြုခဲ့ခြင်း ဖြစ်သည်။
ဒီနေ့လည်း ထိုနေရာ၌ အကြမ်းဖက်စစ်တပ် ရှိနေသေးကြောင်း သတင်းကြားရ၍ ထိုလမ်းကို မသွားဖြစ်တော့ပါ။
လုံခြုံရေးအရ သွားရောက်ရမည့် ကျေးရွာအချို့သို့ မသွားရောက်နိုင်သောအခါ ဝင်ငွေ လျော့နည်းရပါသည်။
မြန်မာနိုင်ငံ၌ နေထိုင်ရသည်မှာ မြစ်ကမ်းနားက သစ်ပင် ကဲ့သို့ပင်။
ရေတိုက်စား၍ ကမ်းပါး ပြိုကျပါလျှင် သစ်ပင်လည်း ပြိုကျနိုင်သည်။
ပြည်တွင်းစစ် ဖြစ်နေသောအခါ သာမန်ပြည်သူတွေသည်လည်း အချိန်မရွေး သေဆုံးရနိုင်သည်။
သို့ဖြစ်၍ ဒီနေ့တော့ Reflection Hunters Contest အတွက် ရည်ရွယ်ကာ ရိုက်ယူထားသော ရေစပ်နားက သစ်ပင်များ၏ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါသည်။