Hello friends!
It's been hot and humid these days.
There are clouds in the sky, but it hasn't rained for two days.
The ground is still wet, as some low-lying areas are still flooded from the rain that fell two days ago.
The heat from the sun causes the wet ground to evaporate.
So it's not comfortable to live in the heat.
However, if there is a reason to go, I have to travel nearby.
Even though the sun is hot, I have to work to survive.
It would be great if I could always stay at home and earn money.
In fact, I can earn money even if I stay at home.
However, it is not enough to support my family, nor is it enough.
So I have to go out and earn money.
Anyway, today I will enjoy the beauty of nature while looking at the clouds.
It would be nice to be able to fly on the clouds and see the world from the air.
I can't leave Myanmar right now.
I love Myanmar.
However, living in Myanmar with an uncertain future is not pleasant.
Oh, if I can enjoy looking at the clouds, where will my thoughts go?
I don't want to be blown away like a cloud.
I just want to walk my own path to where I want to go.
မင်္ဂလာပါ မိတ်ဆွေတို့ရေ!
ဒီရက်ပိုင်း နေထိုင်ရသည်မှာ ပူအိုက်လို့နေပါသည်။
ကောင်းကင်၌ တိမ်တွေ ရှိနေသော်လည်း မိုးမရွာတာ နှစ်ရက်ရှိပါပြီ။
လွန်ခဲ့သော နှစ်ရက်က ရွာသွန်းခဲ့သော မိုးရေကြောင့် အချို့မြေနိမ့်ရာနေရာ၌ ရေဝပ်နေသကဲ့သို့ မြေပြင်သည်လည်း စိုစွတ်နေသေးသည်။
နေ၏ အပူရှိန်ကြောင့် စိုစွတ်သောမြေသည် အပူငွေ့များ ပျံတတ်နေကြသည်။
ဒီတော့ ပူအိုက်ပြီး နေထိုင်ရတာ မသက်သာလှပါ။
သို့ပေမယ့်လည်း သွားစရာအကြောင်းရှိက အနီးအနားခရီးထွက်ရပါသည်။
နေပူပေမယ့်လည်း ဘဝရှင်သန်နိုင်ရေး လုပ်ဆောင်ရသည်။
အိမ်တွင်းမှာပဲ အမြဲ နေရင်း ငွေများဝင်နေလျှင်တော့ ကောင်းလှပေမည်။
တကယ်လည်း အိမ်တွင်းမှာ နေရင်လည်း ငွေဝင်ပါသည်။
သို့သော် မိသားစု ရှေ့ရေးအတွက် မလောက်ငှ၊ မပိုလျှံသေးပါ။
ဒီတော့ အပြင်ထွက်ကာလည်း ဝင်ငွေရှာဖွေရပါသည်။
မည်သို့ဆိုစေ၊ ဒီနေ့တော့ တိမ်တွေကို ကြည့်ရင်း သဘာဝအလှကို ခံစားလိုက်ဦးမည်။
တိမ်တွေပေါ် ပျံတက်ကာ ဝေဟင်မှ ကမ္ဘာကို ပတ်ကြည့်ရလျှင် ကောင်းပေမည်။
ယခုလတ်တလောတော့ မြန်မာနိုင်ငံမှ မထွက်ခွါနိုင်သေးပေ။
ကျွန်တော် မြန်မာနိုင်ငံကို ချစ်ပါသည်။
သို့ပေမယ့် အနာဂတ် မရေရာမသေချာသော မြန်မာနိုင်ငံ၌ နေထိုင်ရသည်မှာ မသာယာပေ။
ဪ တိမ်တွေ ကြည့်ရင်း သာယာပါဦးမယ်ဆိုမှ အတွေးက ဘယ်ရောက်သွားပြန်လဲ။
ကျွန်တော် တိမ်တွေလို လေနှင်ရာ မလွင့်ချင်ပါဘူး။
ကိုယ်ရောက်ချင်တဲ့နေရာကိုသာ ကိုယ်တိုင် ရောက်အောင် လျှောက်လှမ်းချင်ပါတယ်။