စာရေးဖို့အတွက် စိတ်ကူးမတည့်ခဲ့တာ ကြာပါပြီ... စာရေးဖို့ ကုန်ကြမ်းတွေရနေသော်ငြားလည်း မရေးဖြစ် မရေးနိုင်ခဲ့... ဟို အရင်အချိန်တွေကို ပြန်လည် တမ်းတ မက်မောမိပါသဗျ... နေ့စဉ် ညစဉ် ပျော်ပျော်ပါးပါး Post တွေ အလုအယက်တင်ကြ၊ အော်ကြ ဟစ်ကြ ကံစမ်းမဲတွေဖောက်ကြ စိတ်ညစ်စရာတွေရှိခဲ့ကြပေမယ့် ပျော်စရာတွေလည်း တစ်ပုံတစ်ပင်ပါပဲ... Messanger Group ဆိုတာကတော့ အနားကိုမရတော့သလောက် တစ်နေကုန် တတောင်တောင် တတင်တင်နဲ့ ည (၁၂)နာရီ တစ်ချက် ရောက်ကရောပဲ... တစ်ခါတစ်လေမှာတော့ နားညီးလွန်လို့ Noti ပိတ်ထားရလောက်အောင်ထိကို သောင်းကျန်းခဲ့ကြတာတွေ အမှတ်တရ ရှိနေဆဲပါပဲ... သတိရ လွမ်းဆွတ်နေမြဲပါပဲ... အရင်အချိန်တွေကိုမှီခဲ့ကြသူတွေ အတော်များများကျန်နေအုံးမယ်လို့ထင်ပါတယ်... Post မတင် စာမရေး အချိန်တွေကြခဲ့ပေမယ့်လည်း သတိတရ ရှိနေဆဲ... အောက်မေ့လွမ်းဆွတ်နေဆဲပါ... စာမရေး Post မတင်ဖြစ်ခဲ့ရတာကလည်း အကြောင်းကြောင်းရှိခဲ့ပါတယ်... မိသားစု စား ဝတ် နေရေးအပြင် နောက်ထပ် နောက်ထပ် ပြဿနာမျိုးစုံကလည်း လူတိုင်းရင်ဆိုင်နေကြရတာပဲ မဟုတ်လား... Post တွေပြန်တင်နိုင်ဖို့လည်း ကြိုးစားနေသလို အရင်ကလို ပျော်ပျော်ပါးပါးနဲ့ ရယ်လိုက် မောလိုက် နောက်လိုက်ပြောင်လိုက် ငေါက်လိုက် ငမ်းလိုက်နဲ့ နေချင်ပါသေးသဗျ...
ပျော်စရာဆိုတာ အမှတ်တရ ရှိနေသင့်တာ အမှန်ဖြစ်ပေမယ့်လည်း စိတ်ညစ်စရာအချိန်တွေကိုလည်း မေ့ပစ်နိုင်တာမှမဟုတ်တာလေ... Facebook မှာ ပို့စ်တင်တာက ဉီးနှောက် မခြောက်ပေမယ့် Steem/Hive မှာတော့ Post တစ်ခုတင်ဖို့ကလည်း ကုန်ကြမ်းအတော်ရှာရပေမယ့် Facebook မှာ မပျော် Hive မှာ ချော် အဲ ပျော်နေတတ်ခဲ့ပါပြီ... အကြောင်းမဲ့ အကျိုးမရှိ မိတ်ဆွေက ရန်သူဖြစ် ရန်တွေဖြစ်လို့ မိတ်တွေပျက်ရတဲ့ Facebook ကို မဝင်ဖြစ်တာ အတော်ပင်ကြာခဲ့ပြီလေ... Facebook ကြီးက သူတစ်ပါးရဲ့ စာတွေ ပုံတွေကို အားကိုးနေလို့ရနေတော့ ကိုယ့်အား ကိုယ်ကိုးဖို့ ယောင်လို့တောင် မတွေးမိခဲ့ပဲ ထိုင် Share လုပ်နေခဲ့ရာက ကိုယ့်အားကိုယ်ကိုးဖို့ Steemit က သင်ပေးခဲ့ပြီး ခုတော့ Hive မှာ ပျော်တတ်ခဲ့ပါပြီကော... အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ ကိုယ်ရေးတင်ခဲ့တဲ့ စာတွေကို ပြန်ဖတ်ကြည့်မိတဲ့အခါမှာ အမယ် တယ်ဟုတ်တဲ့ ငါ ပါလား လို့ ကိုယ့် ငါးချဉ် ကိုယ်ချဉ် မိတဲ့ အကြိမ်အရေအတွက်ကလည်း များများလာသကိုး 🤗 ခုတော့လည်း စာရေးစရာကုန်ကြမ်းကို အဝေးကိုထွက်ရှာစရာမလို ကိုယ့်ဘေးနားတွေ့တာကို ကောက်ရေး အလွယ်လေးလို့တောင်ထင်မိသေး 😁 အဲ- စာရေးရတာ လွယ်တယ်လို့တော့ ပြောတာဟုတ်ဖူးနော်... စာရေးဆရာတွေအတွက် စာတစ်ပုဒ်ရေးဖို့ အတော်စဉ်းစားကြရပေမယ့် ကျွန်တော်တို့ကတော့ ရေးချင်ရာ ရေးတင်နိုင်တာကို ပြောခြင်းတာပါ... အနှစ်ပါသည်ဖြစ်စေ အနှစ်မပါသည်ဖြစ်စေ စာတစ်ပုဒ်ဖြစ်လာဖို့ မခဲယဉ်းတာကို ဆိုလိုတာပါ... သေချာလာဖတ်တဲ့သူကလည်း ရှားသကိုးဗျ... အဲ- Post တင်ဖို့ ဈာန်ဝင်နေမိတာ အသံမပေး ဘာမပေးနဲ့ ကိုရွှေမိုးက တဗြုန်းဗြုန်း တအုံးအုံးနဲ့ ဆော်ချလာသဗျို့... လျော်ပြီးလှမ်းထားတဲ့ အဝတ်တွေပြေးရုတ်ရအုံးမှာမို့ တော်သေးပြီ 😁
အားလုံးကို လေးစားလျှက် -