စာနာတတ်ခြင်း
ဒီနေ့ကတော့ အလုပ်ခွင်မှာ အဆင်ပြေဆုံးနေ့ တစ်ခုလို့
ပြောလို့ရမယ်ထင်တယ် အလုပ်အကိုင်လဲ အဆင်ပြေအိမ်
ရှင်လဲ စိတ်ကျေနပ်မှုရ နှစ်ဦး နှစ်ဖက်အဆင်ပြေနေတော့
အစစအရာရာ အဆင်ပြေ တဲ့ နေ့တစ်ခု့ လို့ဘဲ သတ်မှတ်
လိုက်ပါတယ်။ကျနော် ကတော့ကာယ ညာဏ လုပ်သား
တစ်ယောက် ဆိုရင် လဲ မမှားပါဘူး ။ ဆိုတော့ ကာယ
အားလဲစိုက်ရသလို ညာဏ ညာဏ်လဲ သုံးပေးရတယ်ပေါ့
ဒီနေ့ဖြစ်ပုံကတော့ တံခါးအဟောင်း လေးပြင်ဖြစ်တာပါ
ယခု လက်ရှိ ကျွန်တော့် အလုပ်ရှင်က သူကယခုအိမ်လေး
ကိုငှား လိုက်တာပါ သူကိုယ် တိုင် နေမယ် ဆို တော့ သူ
တိုင် ပြင်ဆင်ရမယ်ပေါ့။သူတစ်ကယ်လဲပြင် ဆင်တယ်ပေါ့
ကျွန်တော်တို့လို သက်ဆိုင်ရာကျွမ်းကျင်လုပ်သားတေကို
တစ်ခုတော့ချီးကျူးမိတယ်ဗျာသူကစာနာ နားလည်ပေး
တတ်သူ ဆိုတာသိလိုက်ရတဲ့ အပြင် အဲ့ လိုလူနဲ့ တွဲ အလုပ်
လုပ်ရတာအဆင်ပြေဆုံးပါဘဲ။
ကျွန်တော်ဒီလုပ်ငန်းလုပ်ပီးဖြတ်သန်းလာခဲ့ တဲ့ 10 နှစ် အ
တွင်း 10 နှစ်ကျော် ဆိုပိုမှန်မယ်ပေါ့။ လူပေါင်းစုံ နဲ့ ဆက်
ဆံလုပ်ကိုင်ရတယ် လူအမျိူးမျိုး စိတ် အထွေထွေပေါ့တ
ချို့က ပညာရှင် ကိုလေးစားကြပေမယ့် တစ်ချို့သော သူ
တွေကတော့ သူတို့ ကိုယ် သူတို့ ဂုဏ်သရေရှိ လူကြီးမင်း
တွေအဖြစ်ယုံကြည်ထားကြပီး ပိုက်ဆံပေးခိုင်းတာဘဲ
ကိုယ်လိုချင်တာ ရကိုရရမယ် ဆိုတဲ့ သူတွေလဲပါတာပေါ့
နော်။ကျနော် ဒီနေ့ လုပ်ငန်းခွင်မှာ အဆင်ပြေနေရခြင်းအ
ကြောင်းကရိုးရှင်းပါတယ် အိမ်ရှင် ခေါ် အလုပ်ရှင်ကပေါ့
အသက် 60 ကျော် အားကစားသမား လဲ ဖြစ် အားကစား
သမားဖြစ်ပြီ ဆိုကထဲက ပညာ ရှိလို့ပေါ့နော်ပညာ ရှိ ဆို
တာ စာ တေတတ် ဘွဲ့တေရ ဒီဂရီတေ ရမှမဟုတ်ပါဘူး
ဘာမှကိုမလိုတာ စာနာ နားလည်ပေးတတ်တဲ့သူဟာ
ပညာ ရှိလို့ပါဘဲ လူ့ဘဝမှာ ပျော်ပျော် နေဖို့ဆိုတာ လွယ်
ပေမယ့် အဆင်ပြေပြေ နေသွားဖို့ဆိုတာကမလွယ်ကူလှ
ပါဘူး ဆက်ပါဦးမယ်ဗျာ. . . . . . .
8:14pm
GTM :6:30+
6.12.2021