မာဃဒေဝလင်္ကာ ရေးသားသည့်မန်လည်ဆရာတော်လြှေ
မာဃဒေဝလင်္ကာ ရေးသားသည့် မန်လည်ဆရာတော်ကြီးစီသည့်လှေ ဖြစ်ပါတယ် ဆရာတော်ကြီးက ဓမ္မ ဆိုင်ရာကိစ္စများဆောင်ရွက်ရန်အတွက် စစ်ကိုင်းနှင့် မန္တလေးမြို့များသွားရာတွင် အဆိုပါလှေဖြင့်
မန်လည်ချောင်းမှ ဧရာဝတီမြစ်သို့ စုန်ပါသည်။
ထိုသို့သွားရာတွင် ဝန်းသို ခန္တီးဆရာတော်ကြီးနှင့် အတူကြွတော်မူပါသည် လှေမှ လှော်တက်ကြီးများသည် အားကောင်းမောင်းသန်ယောင်္ကျားများသာ လှော်နိုင်မည်ဖြစ်ပါသည်။
ထိုလှေတည်ဆောက်ရာတွင် မြန်မာပြည်
အထက်ပိုင်း သစ်ပေါရာ သစ်ကောင်းများရှိရာ
သေဒမှ အဖြောင့်ဆုံး အမာဆုံး အကောင်းဆုံး လုံးပတ်အကြီးဆုံး သစ်ပင်ကိုရွေးကာ
ထွင်းခဲ့ခြင်းဖြစ်ပါသည်။
သစ်ပင်တစ်ပင်တည်းမှ ပင်စည်ဖြင့် တည်ဆောက်ထားသောကြောင့် သစ်တစ်လုံးလှေဟုလည်း အမည်တွင်ပါသည်။ မန်လည်ဆရာတော်ကြီးကျောင်းသို့
မန္တလေး မြစ်ကြီးနားရထားလမ်းပေါ်ရှိ ဆည်ရွာ ဘူတာ မှ ၂ မိုင်ခန့်သွားလျှင်ရောက်ပါသည်။