ဘာစာအုပ် ရှာနေလဲ📚📚📚
စာအုပ်နဲ့ ပတ်သက်လာရင် ဈေးအချိုဆုံး - အစုံလင်ဆုံးကတော့
👌👌Yangon Book Plaza 👌👌
နိုင်ငံတကာ ကျောင်းဝင်ခွင့်များအတွက် TOFEL – IELTS စာအုပ်များ
သူငယ်တန်းကနေ တက္ကသိုလ်တွေထိ အထူးထုတ်များ
အလှူဒါန၊ သာရေး နာရေး အတွက် လက်ကမ်း ဘာသာရေး စာအုပ်ငယ်များ
စာကြည့်တိုက်များအတွက် အထူးလျှော့ဈေး စာအုပ်များ
ရှားပါးစာအုပ်များ
ဂိတ်ဆုံး လျှော့ဈေး တိုက်ကျ စာအုပ်များ
ကလေးသူငယ်များအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များ
အင်္ဂလိပ်စာလေ့လာလိုသူများအတွက် နိုင်ငံတကာထုတ် ဘာသာရပ်စာအုပ်များ
ဆေးပညာစာအုပ်များ
ကွန်ပြူတာ အပါအ၀င် နည်းပညာ စာအုပ်များ
အင်္ဂလိပ် ဘာသာ ၀တ္ထု- ကာတွန်း - ပုံပြင် စာအုပ်များ
ကဲ ဘာလိုသေးလဲ။ 🤔🤔
🤔စာအုပ်ဆိုတာနဲ့ Yangon Book Plaza ကိုသာ တန်းမြင်လိုက်ပါတော့။ 🤗
လိပ်စာကတော့ ငါးလွှာ၊ သံဈေး၊ လမ်းမတော်မြို့နယ် ဖြစ်ပါတယ်။ ၁၇ လမ်းက သံဈေးဝင်ပေါက်မှာ သီးသန့် ဓာတ်လှေကား ရှိပါတယ်။ ဖုန်း 09767019926 ဖြစ်ပြီး မနက် ကိုးနာရီကနေ ည ခုနှစ်နာရီထိ ပိတ်ရက် မရှိ ဖွင့်လှစ်ထားပါတယ်။
ရှိပါသေးတယ်။ 😮😮
စာအုပ်တွေ ရွေးရတာများလို့ ခေါင်းကိုက်လာတယ် ဆိုပါစို့။ အေးအေး လူလူ နားနေနိုင်တဲ့ ကော်ဖီဆိုင် ☕🍰🍔 အစာပြေစားနိုင်တဲ့ စားသောက်ဆိုင် 🍴🍜🍚 တို့လည်း ရှိပါသေးတယ်။ စာအုပ်တွေရွေးရင်း သူငယ်ချင်းတွေနဲ့ တစ်နေကုန် ထိုင်ကာ လေပစ်လို့ ရမယ့် နေရာလေးပေါ့။
ရှိပါသေးတယ်။ 😮😮
မိသားစုလိုက်လာမယ့် ဦးဦး ဒေါ်ဒေါ်တွေအတွက်ပါ။ ကိုယ့်ရင်သွေးလေးတွေကို စိတ်ချ လက်ချ ထားလို့ရမယ့် ကလေး ကစားကွင်းလေး 👶👦👧
လည်း ရှိပါတယ်။
ရှိပါသေးတယ် 😮😮
လမ်းဘေးက ပလတ်ဖောင်းလေးပေါ်မှာ စိမ်ပြေနပြေ စာအုပ်အဟောင်းလေးတွေ မွှေနှောက်ချင်တဲ့ စာကြမ်းပိုးကြီးများအတွက် စာအုပ်အဟောင်းတန်း 📕📗📘📙 လည်း ရှိပါသေးတယ်။
ရှိပါသေးတယ် 😯😯
အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း ထူးခြားတဲ့ စာပေပွဲများ၊ ကဗျာ ရွတ်ပွဲများ၊ စာအုပ်မိတ်ဆက်ပွဲများစွာတို့လည်း ရှိနေပါသေးတယ်။ စာအုပ်တွေ မွှေနှောက်ရင်း ကိုယ်ချစ်ခင်လေးစားရတဲ့ စာရေးဆရာကြီးများနဲ့ တွေ့ခွင့်ရနိုင်မှာ ဖြစ်ပါတယ်။
ကဲ ... ဒီလောက်ဆိုရင်တော့
မလာဖူးသေးတဲ့ ကိုယ့်မိတ်ဆွေတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ လာဖူးပြီးသား စာပေမိတ်ဆွေများကိုလည်း နောက်တစ်ကြိမ် အရောက်လာကြဖို့ ဖိတ်ခေါ်ပါတယ်။
ထုတ်ဝေသူများက တိုက်ရိုက် ရောင်းချပေးတဲ့နေရာ ဖြစ်တဲ့အတွက် ဈေးနှူန်း အသက်သာဆုံး ဖြစ်သလို တိုက်အလိုက် လျှော့ဈေးများကိုလည်း ခံစားခွင့်များ ရှိနေပါတယ်။
မိုးလုံလေလုံ ပလဇာကြီးထဲမှာ စိတ်အေးသက်သာစွာ စာအုပ်တွေ မြည်းစမ်းရင်း အပန်းဖြေနိုင်မယ့် နေရာလေးပေါ့။
ကဲ...
စာအုပ်ဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့
Yangon Book Plaza
ရှိရာ သံဈေး - ငါးလွှာသို့သာ ကြွခဲ့ပါ။