ကျွန်တော်တို့ အများစုဟာ ပညာသင်ကြားရာတွင် ဆရာကောင်းနဲ့တွေ့လိုကြပီး အဲ့လိုတွေ့မှသာလျှင် တော်တတ်လာလိမ့်မည်ဟု ယုံကြည်ကြလေသည်။ ဆရာ မပြ ငပိဖုတ်တောင် နည်းမကျ ဆိုတဲ့စကားပုံရှိပေမဲ့ မွေးလာထဲက ငိုတဲ့အကြောင်း စိတ်ဆိုးတဲ့အကြောင်း ထမင်းဆာတာတွေကို သင်ပေးတဲ့သူမရှိပါဘူး။ ကျွန်တော်ဆိုလိုချင်တာက ဘာသာရပ်သင်တန်းတွေ များလာတဲ့ခေတ်ဖြစ်လို့ ဆရာကောင်းရှာရခက်ပေသည်။ အောင်လက်မှတ်သဘောမျိုးသာ ရအောင်ယူကြပြီး တကဟ်တမ်းအသုံးပြုတဲ့အခါ လွဲမှားနေတာမျိုးကြုံရတတ်ပါတယ်။ ကျွန်တော်တို့မြန်မာတွေဟာ လေ့လာသင်ယူခြင်းအတတ်ပညာမှာ ထူးချွန်ကြပါတယ်။ အယူအဆအလွဲအမှားတွေကြောင့်သာ အခက်အခဲများနဲ့ ကြုံရတတ်တာပါ။ ဥပမာ အင်္ဂလိပ်စကားပြောကို လေ့လာမည်ဆိုပါတော့။ သင်တန်းတစ်ခုမှာ သင်တာက လိုအပ်တဲ့ စကားစုလေးတွေ လေ့လာခိုင်းတဟ် ကျက်မှတ်ခိုင်းတယ်။ အဲ့သင်တန်းမျိုးတက်မှ လူတွေက စကားပြောတတ်မယ်ထင်တာ။ အမှန်တော့ အဘိဓာန်စာအုပ်တစ်အုပ်ဝယ်မယ် မသိတဲ့ meaning လေးကိုတစ်ရက်ကို ငါးလုံးဘဲကျက်ပါ။ ကြာရင် တစ်အုပ်လုံးရပီး စကာပြောရအဆင်ပြေပါလိမ့်မယ်။ ဘာသာစကားတွေရဲ့အသက်ကတော့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ပါ။ ဤစာကိုဖတ်မိပီး စိတ်ကူးတစ်စုံတစ်ရာရရင်ဘဲ ကျေနပ်ပါတယ်။ လေးစားစွာဖြင့်
ကောင်းသောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ