ပင့်သက်မောများ သတိထားကင်းလွှတ်စေရန်
သဲကန္တာရကြီးတစ်နေရာမှာ.. ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်းရှိတယ် အဲဒီ့ဘုရားရှိခိုးကျောင်းက ဘုန်းတော်ကြီးမှာ လွန်စွာလိမ္မာတဲ့ကုလားအုပ်တစ်ကောင်ရှိတယ် တစ်နေ့တော့ ဘုန်းတော်ကြီး နေမကောင်းဖြစ်ချိန်မှာ သဲကန္တာရတစ်ဘက် ဘုရားရှိခိုးကျောင်းကို စာပို့ပေးစရာပေါ်လာတယ် ဒါနဲ့ ဘုန်းတော်ကြီးက သူရဲ့တပည့်လေးကို သွားခိုင်းရတော့ လိမ္မာတဲ့ကုလားအုပ်နဲ့သွားခိုင်းတာပေါ့ အဲဒီတော့ သူ့တပည့်လေးကို သေချာမှာတယ် ကုလားအုပ်ကို စပြီးသွားစေချင်ရင် (ဟူး) လို့ပြောလိုက်ပါ နည်းနည်းမြန်ချင်ရင် (ဟူး ဟူး) လို့ပြောပါ အရမ်းမြန်ချင်ရင် (ဟူး ဟူး ဟူး) လို့ပြောပါ ချက်ချင်းရပ်ချင်တဲ့အခါ(အာမင်) လို့ပြောတာနဲ့ တုန့်ကနဲ ရပ်ပါလိမ့်မယ်လို့မှာတယ်
အဲဒါနဲ့ တပည့်လေးက ကုလားအုပ်ကို (ဟူး) လို့ပြောလိုက်တာ ကုလားအုပ်က စသွားတော့တာပေါ့ တစ်ခါ (ဟူး ဟူး) လို့ပြောတော့ နည်းနည်းမြန်လာတာပေါ့ တပည့်လေးလည်း အဲဒီ့အရှိန်နဲ့ပဲ သွားတော့တာပေါ့ ကန္တာရထဲမှာတစ်ယောက်ထဲသွားတာဆိုတော့ ဟိုတွေးဒီတွေးနဲ့ကုလားအုပ်စီးလာတာ သတိရလို့ ရှေ့ကိုသေချာသတိထားကြည့်တော့မှ ကုလားအုပ်က ချောက်ကမ်းပါးဘက်ကို ဦးတည်သွားနေတာ သတိထားမိ့တော့တယ်
အဲဒါနဲ့ တပည့်လေးက ရပ်ခိုင်းဖို့ လုပ်တာ ရပ်ခိုင်းရင်ပြောတဲ့ဟာ ရုတ်တရက်မေ့သွားတယ်
အဲဒီတော့ တပည့်လေးလည်း ဇောချွေးတွေပြန်လာတာပေါ့ ကုလားအုပ်ကလည်း တဖြေးဖြေးနဲ့ ချောက်ကမ်းပါးထိပ်နားနီးလာတာပေါ့
တပည့်လေးလည်း စဉ်းစားလေ စဉ်းစားမရလေဖြစ်နေတယ်
အဲဒီလိုနဲ့ ကုလားအုပ်က ချောက်ကမ်းပါးထိပ်တည့်တည့်လည်းရောက်ကော တပည့်လေးက အရမ်းကြောက်ပြီး သူရဲ့ဘုရားကို(အာမင်) ဆိုပြီး တလိုက်တာ ကုလားအုပ်က တုန့်ကနဲရပ်သွားတယ်
သူကိုးကွယ်တဲ့ဘုရားကို(အာမင်) ခေါ်တာကို အဲ့လိုတွဲပြီး မှတ်မထားတော့ အကြောက်လွန်ပြီးမေ့နေတော့တာပေါ့လေ
ဒါနဲ့ ကုလားအုပ်က ချောက်ကမ်းပါးထိပ်မှာ တုန့်ကနဲရပ်သွားတော့မှ တပည့်လေးလည်း ပင့်သက်ချနိုင်ပြီး
(ဟူး) ကနဲဆို ပင့်သက်ချလိုက်တာ ကုလားအုပ်က တခါတဲ ချောက်ကမ်းပါးထဲကို ဆင်းသွားပါလေကောဗျာ
ကုလားအုပ်ကိုသွားစေချင်ရင်(ဟူး) ပြောတာကိုလေ
အဲဒီတော့... ပညာပေးနီတိ ပေးချင်တာက.. လူတွေ ဘဝမှာ အတတ်နိုင်ဆုံး(ဟူး) ဆိုတဲ့ ပင့်သက်တွေ မချမိ့်စေဖို့ပါဘဲ ပင့်သက်မော(ဟူး) တွေ ချနေမယ်ဆို တခါတဲ ချောက်ကမ်းပါးအောက် ဥပမာလို.. အောက်ထဲဆင်းသွားပါလိမ့်မယ် ပင့်သက်မော(ဟူး) တခါ ချမိ့်တော့မယ်ဆို အခုပုံပြင်လေးကို သတိရလိုက်ပြီး အောက်ထဲဆင်းတော့မှာဘဲဆိုပြီး ဆင်ချင်နိုင်ပါစေ
ကျန်းမာချမ်းသာပြီး (ဟူး) ဆိုတဲ့ပင့်သက်မောတွေ လွှတ်ကင်းကြပါစေ
Crd by