အင်တာနက်လုံခြုံစွာအသုံးပြုမှုနှင့် သတိမထားမိသောအချက်တစ်ချက်
ကျွန်တော် Internet သုံးရင် များသောအားဖြင့် ကွန်ပျူတာနဲ့သုံးတာများပါတယ်။ အသုံးပြုနေတဲ့ ဖုန်းကလည်း မော်ဒယ်အောက်နေတော့ အသုံးပြုရတာ အဆင်မပြေဘူးလေ။ ဖုန်းကို Hotspot လွှင့်ပြီး Computer နဲ့ချိတ်သုံးတာပါ။ ရုံးက Wifi လွှင့်ပေးသော်လည်း လိုင်းကအလွန်နှေးတာကြောင့် သုံးရတာအဆင်မပြေဘူးလေ။ ဒါကြောင့် မိမိဖုန်းဘေ အကုန်အကျခံပြီး သုံးနေရတာပေါ့။ တစ်နေ့ကျတော့ Firefox Browser က သုံးရတာ အဆင်မပြေလာတာနဲ့ Uninstall လုပ်လိုက်ပြီး Chrome Browser ကို Official Site ကနေ Download ပြီး Install လုပ်လိုက်ပါတယ်။ ပြီးနောက် Facebook Website ၀င်ပြီး Login လုပ်မယ်လဲ လုပ်ရော log In မှာ မေးလ်လိပ်စာတစ်ခုနဲ့ Password တစ်ခု တွေ့တော့တာပဲ။ အဲ့တာနဲ့ ဘာလဲဟဆိုပြီး စပ်စုချင်တာနဲ့ Password မြင်ရအောင် ဖော်ကြည့်လိုက်ပြီး Log In ၀င်ကြည့်ပါတယ်။ အဲ့တာက အသိတစ်ယောက်ရဲ့ Facebook Account ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
ကျွန်တော်နားမလည်တာက သူလည်း ကျွန်တော့် Computer ကိုယူမသုံးလို ကျွန်တော်ကလဲ Hack ထားတာတစ်ခုမှ မရှိပါဘူး။ Wifi Network တောင် .ယူမသုံးပါဘူး။
FB ကဘာဖြစ်တာလဲ? မလုံခြုံတာလား? ဒီတိုင်းဆို ကျွန်တော်တို့ရဲ့ Personal အချက်အလက်တွေ တခြားနေရာမှာ အလိုအလျာက်သွားပေါ်နေနိုင်တာပေါ့။
ဒါမှမဟုတ် ကျနော်ဥာဏ်မမီသေးတာရှိနေလို့လား။
Facebook Group တစ်ခုမှာ မေးမြန်းကြည့်တော့ အဖြေကပေါ်လာပါပြီ။
Gmail ကြောင့်ဖြစ်ရတာပါ။ ရုံး Email (G-mail Account)ကို သူရဲ့ Device မှာလဲ Log In ၀င်ထားပါတယ်။ ကျွန်တ်ေကလဲ ကျွန်တော့် Computer ကနေ အသုံးပြုတော့ သူရဲ့အချက်အလက်တွေက ဒီမှာလာပေါ်နေတဲ့သဘောပဲလို့ တစ်ယောက်က ရှင်းပြပါတယ်။ ဒီလို G-mail ကို အတူတူ သုံးမိရင်တောင် လုံခြုံမှုက စိတ်မချရဘူးဆို သိစေချင်လို့ မျှဝေပါသည်။