အားလုံးပဲ မင်္ဂလာပါဗျ
ကျနော့်နာမည်ကတော့ မျိုးမင်းသူပါ၊
ကျနော့်ရဲ့ မွေးရပ်မြေကတော့ မန္တလေးတိုင်း မြင်းခြံမြို့ပါ၊ အခုလက်ရှိတော့ ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့မှာ ကျနော်နေပါတယ်ဗျ၊
အလုပ်ကိုင်အနေနဲ့ကတော့ Mini Boss Mobileဆိုပြီးတော့ ဖုန်းSecond Handနဲ့ ဖုန်းဆားဗစ်ဆိုင်လေးဖွင့်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်ဗျ၊
ကျနော့်ရဲ့ အကြိုက်ဆုံး ကာတွန်းဇာတ်ကောင်ကတော့ Despicable Meဇာတ်ကားထဲက Minionလေးတွေပါပဲ
အဲကြောင့်မို့လဲ ကျနော့်ရဲ့ ဖွင့်မဲ့ ဖုန်းဆိုင်နာမည်ကိုလဲ Mini Boss Mobileလို့ ပေးဖြစ်ခဲ့တာပါဗျ၊
ကျနော့်မှာက ဖြစ်ချင်တဲ့ အိမ်မက်တွေ အများကြီးရှိပါတယ် ဘာတွေလဲဆိုရင်
Programmer, Streamer, Bloggerပြီးတော့ တခြားဝါသနာပါတာတွေ တော်တော်များတယ်ဗျ
စကားလုံးလှလှ သုံးရမယ်ဆိုရင်တော့
အိမ်မက်များစွာနဲ့ လူငယ်တစ်ယောက်ပေါ့ဗျာ
လက်ရှိနိုင်ငံရဲ့ အခြေနေကြောင့်တော့ လောလောဆယ် လမ်းရှယ်ပျောက်နေရပါတယ်၊ ဒါပေမဲ့လဲ ကျနော့်ရဲ့ အိမ်မက်တွေအတွက်တော့ YouTubeကနေတစ်မျိုး Facebookကနေတစ်ဖုံ လေ့လာသင်ယူမှုတွေကို အဆက်မပြတ်လုပ်ဆောင်နေလျက်ပါပဲဗျ၊ လောလောဆယ်တော့ Termuxကိုတော့ ဖုန်းနဲ့ပဲ လေ့လာနေပါတယ်ဗျ၊Programming Languageအနေနဲ့တော့ Pythonကို လေ့လာနေပါတယ်၊HTMLလဲ မလွတ်ပါဘူးဗျ 😁
မိတ်ဆက်တဲ့ပိုစ့်က ဘယ်လိုဖြစ်နေလဲတော့မသိဘူးဗျ
ကျနော့်က မွေးချင်း၄ယောက်မှာတော့ ကျနော်က အငယ်ဆုံးနဲ့ အလိမ္မာဆုံးဗျ 😁😁
အကြီးဆုံးအမကတော့ ကျနော့်အသက် 5နှစ်ဝန်းကျင်လောက်က ဆုံးပါးသွားခဲ့ပြီမို့ အခုပုံထဲမှာတော့ သူမပါခဲ့ပါဘူးဗျ
ငယ်ငယ်ကတည်းက ကျောင်းစာထက် ကိုယ်ဝါသနာပါရာ ကိုယ်လေ့လာချင်တာတွေနဲ့ပဲ လူငယ်ဘဝကိုဖြတ်သန်းခဲ့ရတော့
ဘွဲ့ရတဲ့အထိတော့ ကျောင်းမတက်ဖြစ်ခဲ့ဘူးဗျ ကျနော့်အသက် 18နှစ်လောက်ကစပြီးတော့ ကိုယ့်ခြေထောက်ပေါ်မှာပဲ ကိုယ်ရပ်တည်မယ် ကိုယ့်ပိုက်ဆံနဲ့ပဲ ကိုယ်လိုချင်တာ ရအောင်လုပ်မယ်ဆိုတဲ့ မာနကြီးနဲ့ပဲ ဘဝကိုဖြတ်သန်းခဲ့တော့ မိဘနဲ့အတူနေချိန်ကို ပြန်ရေတွက်မယ်ဆိုရင် ကျနော့်အတွက် 5နှစ်ဝန်းကျင်လောက်ပဲ ရှိမယ်ဗျ၊ အလုပ်တွေလဲ မျိုးစုံလုပ်ခဲ့ရပြီးတော့
အသက်လဲ 28ပြည့်ရော တစ်ခုခုတော့ အထိုင်ကျအောင်လုပ်ရမယ်ဆိုပြီးတော့ မိန်းမအရင်ဆုံး ယူခဲ့ပါတယ်(စတာနော် ဟဲဟဲ)
အထိုင်ကျမှရမယ်ဆိုပြီးတော့ လက်ရှိအလုပ်ကနေထွက်ပြီးတော့ ဝါသနာပါတဲ့ ဖုန်းဆားဗစ်လောကထဲကို ဝင်မယ်ဆိုပြီးတော့ Global IT Mobile Training Centre 3 Taunggyi ဖုန်းပြုပြင်ရေးသင်တန်းမှာ
Software/Hardwareနှစ်မျိုးလုံး သင်တန်းတက်ခဲ့လိုက်ပါတယ်
Hive Accountစဖွင့်ကတည်းက မိတ်ဆက်ပိုစ့်တင်ပါဆိုပြီးတော့ ကျနော့်ရဲ့ အကိုကြီးက အကြံပေးပေမဲ့လည်း ဘာရေးတင်ရမှန်းမသိနေတော့ ကျနော် တခြားပိုစ့်တွေပဲ အရင်ဆုံးတင်မိပါတယ်၊ အပြင်မှာလဲ စကားနည်းတဲ့သူတစ်ယောက်ဆိုတော့ ဘယ်ကနေစပြီး ရေးရမလဲဆိုတာ စဉ်းစားမရနေတာလဲ ပါပါတယ်ဗျ
အခုမှ ငါကိုယ့်ကိုကိုယ် မိတ်ဆက်တဲ့ ပိုစ့်တင်ရဦးမှာပါလားဆိုပြီးတော့ အခုမှ ထရေးထားတာဆိုတော့ လိုအပ်ချက်တွေ အများကြီးရှိပါလိမ့်မယ်ခင်ဗျ အဲဒိအတွက်လဲ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါရစေဗျ၊
Hiveမှာ ရေရှည် လျှောက်လှမ်းနိုင်ဖို့အတွက်
ကျနော့်ကို ကူညီဖေးမပေးပါဦးလို့ တောင်းဆိုရင်းနဲ့
မိတ်ဆက်တဲ့ပိုစ့်ကို အဆုံးသတ်ပါရစေဗျ
အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ