“Lord of the Rings”… ဆိုတဲ့ကမ္ဘာကျော် မှော်ရုပ်ရှင် ဇာတ်ကားကြီးရဲ့ မူလဝတ္ထု စာရေးဆရာက အခုပုံပါ လက်စွပ်နဲ့ လက်စွပ်ရဲ့နောက်ခံဇာတ်လမ်းတွေကိုအခြေ ခံပြီး ကလောင်စွမ်းနဲ့ ဖန်တီးထားတဲ့ဇာတ်လမ်း ဖြစ် ပါတယ်။ ဒီလက်စွပ်ကြီးက ၁၇၈၅ ခုနှစ်မှာ လယ်ထဲ မှ ရှာတွေ့ခဲ့တာဖြစ်ပြီး အာ့နေရာက လန်ဒန်မြို့ရဲ့ အနောက် ဖက်မှာတည်ရှိတဲ့ Silchester အမည်ရှိ ရွာ တစ်ရွာဖြစ် ပြီး ယခုရှေးဟောင်း သုတေသီတွေအတွတ် အရေးပါ တဲ့နေရာတစ်ခုလည်း ဖြစ်နေဆဲပါပဲ။
ဒီလက်စွပ်ကြီးက ရွှေသားအတိနဲ့ပြုလုပ်ထားတာ ဖြစ် ပြီး အလေးချိန် ၁၂ ဂရမ်ရှိကာ အကျယ် ၂၅ မီလီမီတာ ရှိပါတယ်။ဒီလက်စွပ်ကို ဝတ်ဆင်မယ်ဆိုရင်တော့ လက်မ(သို့)လက်အိတ်စွပ်ပြီးမှပဲဝတ်ဆင်နိုင်ပါတယ်။
လက်စွပ်အတွင်းထဲမှာလည်း လက်တင်ဘာသာနဲ့ ရေး ထိုးထားတဲ့ “Senicianus” နဲ့ “Live Well in God ”… ဆိုတဲ့ စာလုံး ၂ ခု ပါ ပါသေးတယ်။ ဒီလက်စွပ်ရဲ့ရာဇဝင် အကြောင်းတွေကို ရှေးဟောင်းသုတေသီဖြစ်သူ…
Sir Mortimer Wheelerမှသူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်း ဖြစ်သူ J. R. R. Tolkien ကို ၁၉၂၉ ခုနှစ်မှာ ပြောပြခဲ့ပြီး
သူအတော်လေးစွဲလမ်းစိတ်ရှိခဲ့ကာ ၁၉၃၇ ခုနှစ်မှာ တော့ ပထမဆုံးအနေနဲ့ "The Hobbit " ကိုရေးသားခဲ့ ပြီးထုတ်ဝေခဲ့သလို ၁၉၅၄ ခုနှစ်မှာလည်း "The Lord of the Rings " ဝတ္ထုကို ရေးသားထုတ်ဝေခဲ့ပါတော့တယ်။
ပုံမှာ… စာရေးဆရာ J. R. R. Tolkien ဖြစ်ပါတယ်။
author@shwethamee