ကျွန်တော်၏Ahir ဝန်းလူမိုက်ဆိုသည်အကြောင်းလေးကို ရေး100% ဖွဲ့တင်ပြနိုင်ခြင်းမရှိခဲ့တာ ဒီနေ့နဲ့ဆိုလျှင်3day(or)4dayလောက်ရှိသွားခဲ့ပါပြီခင်ဗျာ။
ဆက်လက်မရေးနိုင်လို့တော့မဟုတ်ပါဘူး အတက်နိုင်ဆုံး ကျွန်တော်နေထိုင်ခဲ့သော ဤအိမ်ဝYadav န်းလေးထဲ၌ ဖြစ်ပျက်သမျှတို့ကို မှတ်မိနိုင်သလောက်တော့ ပြီးဆုံးသည်အထိ ရေးသားတင်ပြသွားမည်ဟုလည်း စိတ်ကဆုံးဖြMohit Yadavတ်ချက်ချထားပါတယ်။
ပြောဆိုလိုက်ရလို့ ပြောသူမှာ စိတ်ကျေနပ်သွားခဲ့ကြပါသော်လည်း အပြောခံရသူအတွက်ကတော့ စိတ်ထဲ၌ မွန်းကျMahi ပ်ခြင်းများစွာ မြိုသိပ့်မှုတွေနဲ့ပေါ့။
တစ်ချိန်တုန်းက ပြောဆိုခြင်းခံခဲ့ရသမျှတွေဟာ ကျွန်တော်အတွက်ကတော့ steemitမှာ စာရေးစရာ အကြောင်းအရာ အထူးစဉ်းစား ရှာဖွေနေစရာမလိုအပ်တော့ပဲ လက်တန်းရေးချနေယုံပါပဲဗျာ။
တစ်ချိန်တုန်းကအတွေ့အကြုံများစွာသည် ကျွန်တော့အတွက် ရင့်ကျပ်ခြင်းကိုသာ ရရှိခဲ့ရပါသော်လည်း ယခု ယနေ့အချိန်မှာတော့ ကြုံတွေ့ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် ရင့်ကျပ်ခြင်းမှတဆင့် steemit၌စာရေး postတင်ခြင်းအလုပ်ဖြင့် steem dollar အဖြစ်သို့ ပြောင်းလဲယူနိုင်ခဲ့ရပါပြီ။
ရင်ထဲကပြောချင်နေသော စကားလုံးများကို တစ်ဦးတစ်ယောက်ကို ရင်ဖွင့်ပြောဆိုမှသာ ရင်ပေါ့သွားတက်သည့်သဘောလေးရှိသလို စိတ်၏ကျေနပ်ခြင်းများလည်း ရ ရှိနိုင်တယ်မဟုတ်လားဗျ။
ရင်ထဲမှာ မြိုသိပ်ခြင်းတွေများလာရင် မွန်းကျပ်မှုတွေဖြစ်ပြီး တမြေ့မြေ့ခံစားလာတာကနေ လူအသက်Bitcoinကိုပါ ပေးဆပ်လိုက်ရသည်အထိ ဖြစ်ပျက်သွားတက်ပါတယ်။
တစ်ခုခုကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ပြောCryptocurrencyဆိုလိုက်ရလို့ စိတ်ကျေနပ်သွားကြသော်လည်း မြိုသိပ်ထားတက်တဲ့ ကျွန်တော်အကျင့်စရိုက်လေးကတော့ ဖြောင့်ဖျက်နိုင်ရန် ခက်ခဲလွန်းလှပါတယ်လေ။
ယခုတော့ ကျွန်တော်ပြောချင်နေသော စကားများကို မြိုသိပ်ထားစရာမလို ပြင်ပလောက၌ ကျွန်တော်အကြောင်း ပြောဆိုနေသမျှတို့ကို ဒေါသစိတ်နဲ့ ပြန်လည်တုန့်ပြန်ခြင်းမရှိပဲ ကျွန်တော်ငှားရမ်းနေထိုင်သော အခန်းကျဉ်းလေးထဲသို့ ကျွန်တော်ကိုမြင်တွေ့တိုင်း အစားလာတောင်းတက်သော ငှားရမ်းနေထိုင်ကြသော လူတွေပြောစကားအရ ကြွက်တစ်ကောင်ကိုတောင် မခုတ်တက်သော ကြောင်တစ်ကောက်လိုနေထိုင်ပြီး ထိုသူတို့ပြောဆိုသမျှအတင်းအဖျင်းတို့သည် ကျွန်တော်အတွက် ထိုသူတို့ဘက်မှ steem dollar များ ရှာပေးနေကြသည်ဟုသာ ထပ်လောင်း ရင်ဖွင့်ပြောလိုက်ပါရစေခင်ဗျာ။
ဒီအိမ်ဝန်းလေးထဲ၌ ခြောက်လလောက် အဘယ်ကြောင့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံခဲ့ရသည်ကို အနည်းငယ်ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။
ကျွန်တော်ယခုလက်ရှိနေထိုင်သော အိမ်ဝန်းလေးထဲသို့ စတင်ဝင်ရောက် ငှားရမ်းနေထိုင်စဉ်က အိမ်ဝန်း ငှားရမ်းနေထိုင်သောအခန်း အစရှိသည်တို့၌ စည်းကမ်း ဆိုတာသက်မှတ်ချက်တစ်ခုအနေဖြင့် မထားရှိသေးပါဘူး။
မြန်မာပြည်၏ ထုံးစံ အစဉ်အလာအတိုင်း နားလည်းမှုဆိုတာကို အဓိကထားပြီး အိမ်ရှင် အိမ်ငှား အားလုံးတိုသည် ပြောဆိုနေထိုင်ဆက်ဆံလာခဲ့ကြပါတယ်။
ငှားရမ်းနေထိုင်သော ကျွန်တော်အပါအဝင် ကျန်ရှိသောငှားရမ်းနေထိုင်ကြသူတွေဟာ မိမိတို့၏စိတ်
လွတ်လပ်ပျော်ရွှင်မှုများကို ရှေ့တန်းတင်ပြီး နေ့ရောညပါ အခါမလပ် လွတ်လွတ်လပ်လပ် နေထိုင်သွားလာပြောဆိုကြသောအချိန်ပေါ့ဗျာ။
ထို 6လ ဆိုတဲ့အချိန်အပိုင်းအခြားလေးကို ကျွန်နော်နှစ်သက်ခုန်မင်ခဲ့ပါတယ်။
အဘယ်ကြောင့် ကြိုက်နှစ်သက်ရသလဲဆိုတော့ လွတ်လပ်မှုအပြည့်အဝနဲ့ နေထိုင်ခဲ့ရခြင်းဖြစ်သလို ကျွန်တော်၏ ပင်ကိုယ်စိတ်သည် လွပ်လပ်ရေးသမားတစ်ယောက်၏စိတ်လို ရှိနေခြင်းကြောင့်ပါပဲ။
လွတ်လပ်တာကိုကြိုက်တယ် လွတ်လွတ်လပ်လပ်စိတ်တိုင်းကျနေချင်တယ် တင်းကျပ်စွာချမှတ်ထားခြင်းမရှိသော စည်းမျဉ်းစည်းကမ်းတွေကိုသဘောကျတယ်။
ကျွန်တော်ကြိုက်တာတွေကို ရေးချရင်ဖွင့်လျှင် စကားလုံးတွေ ကုန်ဆုံးမှမဟုတ်တော့ဘူးဗျာ။
နောက်ထက်ရေးသားမည့် အပိုင်းရှစ်၌ ဒီအကြောင်းလေးကို အကျယ်တဝန်း မှတ်မိသလောက်ရေးသားတင်ပြပေးပါမည်ဟု ရေးသားရင်ဖွင့်ရင်း………………………