တင်းများနှင့်အထွေထွေ
သတင်းများနှင့်အထွေထွေ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်မှ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို
Homeနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်မှ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို
Mar - 19
2018
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်မှ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို
admin
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်မှ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို
သြစတြေးလျနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ၀၉း၀၀ နာရီတွင် သြစတြေးလျနိုင်ငံ လွှတ်တော်အဆောက်အအုံ၌ သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် H.E. Mr. Malcolm Turnbull မှ ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ပြီး၊ ဂုဏ်ပြုတပ်ဖွဲ့မှ အမြောက် ၁၉ ချက် ပစ်ဖောက်ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သြစတြေးလျနိုင်ငံဝန်ကြီးချုပ်တို့သည် ဒေသစံတော်ချိန် ၀၉း၂၅ နာရီတွင် သြစတြေးလျနိုင်ငံ လွှတ်တော်အဆောက်အအုံရှိ ဝန်ကြီးချုပ်၏ ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၀၉း၄၅ နာရီတွင် မြန်မာနိုင်ငံနှင့် သြစတြေးလျ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသာအောင်ညွန့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဓာတ်ပုံ- သတင်းစဉ်
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanma