အသားကျောက်(Utlity Jade)
မည်သည့်အသားခံမျိုးတွင်မဆို ခရမ်းရောင်၊ပန်းရောင်၊ဗေဒါရောင်နှင့်အစိမ်းရိပ်အစိမ်းရောင် သိသာစွာမကျန်တော့ဘဲ အခြားအရောင်များဖြစ်သော ခဲရောင်၊ရွှေဝါရောင်၊အပြာရိပ်၊မီးခိုးရောင်၊အနက်ရောင်၊အနီရောင်၊အညိုရောင်၊အ၀ါရောင်၊ေ၇ညှိရောင်စသည့် အရောင်အမျိုးမျိုးစွဲဝင်နေသည့် ကျောက်စိမ်းကို အသားကျောက်ဟုခေါ်သည်။ အသားကျောက်များကို ကျောက်သားအမျိုးအစား(၈)မျိုးကိုအခြေခံပြီး အရောင်များရောနှောပျံ့နှံ့ပါဝင်မှုကို အသေးစိတ်စိစစ်ပြီး မျိုးကွဲ(၂၇)မျိုးအထိခွဲခြားထားပါသည်။
၁။ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းပြီး အလင်းပေါက်သေား အသားခံတွင် ခဲရောင် သို့မဟုတ် ရွှေဝါရောင်သန်းနေပါက ခဲဘော်လီ(ဖန်သားမှန်သား)အသားကျောက်ဟုခေါ်ပါသည်။
၂။ ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းပြီး အလင်းပေါက်သောအသားခံတွင်ရေခဲဖြူရောင် သို့မဟုတ် အပြာရောင်သန်းသည့် အရောင်ရှိနေပါက ရေခဲသားဘော်လီ(ဖန်သားမှန်သား)အသားကျောက်ဟုခေါ်ပါသည်။
၃။ ယမ်းမှုန့်ညက်၍ အပြာရိပ်သန်းသော အလင်းပေါက် သို့မဟုတ် အလင်းပေါက်လုနီးပါးရှိအသားခံတွင် မီးခိုးရိပ်သန်းသည့် အစိမ်းအစင်းအစက်တို့သည် ကန်စွန်းပန်း ပုံသဏ္ဌန်ပျံ့နှံ့နေပါက ကန်စွန်းပန်း(ပြာကြည်) အသားကျောက်ဟုခေါ်သည်။
၎။ ယမ်းမှုန့်ညက်၍ ဖွဲ့သားသင့်သည့် အလင်းမှုန်သော ကျောက်သားအသားခံတွင် မီးခိုးရောင်အစင်းအစက်နှင့် ပန်းစက် သဏ္ဌန် ပျံ့နှံ့နေပါက လန့်ပန်း(ပြာကြည်)အသားကျောက်ဟုခေါ်သည်။
၅။ ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသည့် အလင်းပေါက်လုနီးပါး ကျောက်သားအသားခံတွင် အပြာနုရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို ပြာကြည်(ပြာကြည်သား)အသားကျောက်ဟုခေါ်သည်။
၆။ ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသည့် အလင်းပေါက်လုနီးပါးအသားခံတွင် ဖန်သားအရောင် သို့မဟုတ် အဖြူရောင်ရှိသည့်ကျောက်ကို အသားဆန်းဘော်လီ (ဖြူကြည်) အသားကျောက်ဟုခေါ်သည်။
၇။ ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသော်လည်းအလင်းမှုန် ၍ နို့ကဲ့သို့ အဖြူရောင်စွဲဝင်နေသည့်ကျောက်စိမ်းကို ဖယောင်းသား(ဖြူကြည်)အသားကျောက်ဟုခေါ်သည်။
၈။ ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသော်လည်းအလင်းမှုန်နေသည့်ကျောက်စိမ်းတွင် တိမ်ခိုးရောင် သို့မဟုတ် မီးခိုးရောင်စွဲဝင်နေပါက တိမ်ခိုးသား(အသားမှိုင်း) အသားကျောက်ဟုခေါ်ပါသည်။
၉။ ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသော်လည်းအလင်းမှုန်နေသည့် အသားခံတွင်ဝါညိုရောင်စွဲဝင်နေပါက ၀က်ဆီသား(အသားမှိုင်း) အသားကျောက်ဟုခေါ်ပါသည်။
၁၀။ယမ်းမှုံမှ အလတ်ထိရှိ၍ ဖွဲ့သားသင့်သော အလင်းမှုန်ကျောက်စိမ်းသားတွင် မီးခိုးစိမ်းရင့်ရောင်စွဲဝင်နေပါက မောက်စိမ်းသား(အသားမှိုင်း)အသားကျောက်ဟုခေါ်ပါသည်။
၁၁။ယမ်းအလတ်မှ ယမ်းကြမ်း ၍ ဖွဲ့သားအသင့်အတင့်မှ အညံ့ထိရှိပြီး အလင်းမှုန်မှ အလင်းပိတ်အသားခံတွင် မီးခိုးရောင်စွဲဝင်နေပါက မောက်သား(အသားမှိုင်း) အသားကျောက်ဟုခေါ်သည်။
၁၂။ ယမ်းမှုံမှ အလတ်ထိရှိ၍ ဖွဲ့သားညံ့သော အလင်းပိတ်အသားခံတွင် အညိုရောင်စွဲဝင်နေပါက ကြံသကာသား(အသားမှိုင်း) အသားကျောက်ဟုခေါ်ပါသည်။
၁၃။ ယမ်းအလတ်ဖြစ်၍ ဖွဲ့သားသင့်သော အလင်းမှုန်အသားခံတွင် အပြာရိပ်စွဲဝင်နေပါက လန့်ရိုး(အသားရိုး) အသားကျောက်ဟုခေါ်ပါသည်။
၁၅။ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ညံ့သော အလင်းပိတ်သည့်အသားခံတွင် အဖြူညစ်ရောင်စွဲဝင်နေပါက ဆံပြုတ်သား(အသားရိုး)အသားကျောက်ဟုခေါ်ပါသည်။
၁၆။ယမ်းမှုမှလင်းရှိ၍ ဖွဲ့သားညံ့ပြီး အလင်းမှုန်သော အသားခံတွင် အဖြူရောင်စွဲဝင်နေပါက ပိန်းဥသား(အသားရိုး)အသားကျောက်ဟုခေါ်ပါသည်။
၁၇။ယမ်းအလတ်မှကြမ်း၍ ဖွဲ့သားသင့်ပြီး အလင်းမှုန်သောဝတ်ဆံပါအသားခံတွင်အစိမ်းရိပ်စွဲဝင်နေပါက ပဲစိမ်းသား(ပဲသား)အသားကျောက်ဟုခေါ်ပါသည်။
၁၈။ ယမ်းကြမ်း၍ဖွဲ့သားသင့်သော အလင်းမှုန်မှ အလင်းပိတ်သည့်ဝတ်ဆံပါအသားခံတွင် အဖြူရောင်စွဲဝင်နေပါက ပဲသားရိုး(ပဲသား)အသားကျောက်ဟုခေါ်ပါသည်။
၁၉။ ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ညံ့သောအလင်းပိတ်ဝတ်ဆံပါ အသားခံတွင် အပြာရိပ်သန်းသော အဖြူရောင်စွဲဝင်နေပါက ပဲသားလန့်(ပဲသား) အသားကျောက်ဟုခေါ်ပါသည်။
၂၀။ ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ညံ့သောအလင်းပိတ်ဝတ်ဆံပါ အသားခံတွင်အစိမ်းရိပ်သန်းနေသည့် နီညိုရောင်စွဲဝင်နေပါက ပဲခွမ့်(ပဲသား) အသားကျောက်ဟုခေါ်ပါသည်။
၂၁။ယမ်းမှုံ ညက်၍ ဖွဲ့သားကောင်းသော အလင်းပေါက်လုနီးပါး သို့မဟုတ် အလင်းမှုန်အသားခံတွင် ရေညိုရောင် သို့မဟုတ် အနက်ရောင်စွဲဝင်နေပါက လန့်ဂျိတ်(အသားနက်)အသားကျောက်ဟုခေါ်ပြီး တန်ဖိုးကြီးပါသည်။
၂၂။ယမ်းအလတ်မှ ယမ်းကြမ်း၍ ဖွဲ့သားသင့်သောအလင်းမှုန်မှ အလင်းပိတ်သည့်အသားခံတွင် အနက်ရောင်စွဲဝင်နေပါက ငချိတ်(အသားနက်)အသားကျောက်ဟုခေါ်ပါသည်။
၂၃။ယမ်းအလတ်မှယမ်းကြမ်း၍ ဖွဲ့သားညံ့သောအလင်းပိတ်သည့်အသားခံတွင် အနက်ရောင် သို့မဟုတ် မီးခိုးရင့်ရောင်စွဲဝင်နေပါက ကျီးကန်းသား(အသားနက်)အသားကျောက်ဟုခေါ်ပါသည်။
၂၄။ယမ်းအလတ်ဖြစ်၍ ဖွဲ့သားသင့်သော အလင်းမှုန်အသားခံတွင် ပျားရည်အရောင်( နီဝါရောင်)စွဲဝင်နေပါက ခုံ့ဝါနီ(အသားနီဝါ) အသားကျောက်ဟုခေါ်ပါသည်။
၂၅။ယမ်းအလတ်မှ ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ဖွဲ့သားညံ့သောအလင်းမှုန်မှ အလင်းပိတ်အသားခံတွင် နီညိုရောင်စွဲဝင်နေပါက ခုံ့နီညို(အသားနီဝါ)အသားကျောက်ဟုခေါ်ပါသည်။
၂၆။ယမ်းအလတ်မှ ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ဖွဲ့သားညံ့သောအလင်းမှုန်မှ အလင်းပိတ်သည့်အသားခံတွင် အညိုရောင်စွဲဝင်နေပါက ခုံ့ညို(အသားနီဝါ) အသားကျောက်ဟုခေါ်ပါသည်။
၂၇။ယမ်းအလတ်မှ ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ဖွဲ့သားညံ့သွားသော အလင်းမှုန်မှ အလင်းပိတ်သည့် ကျောက်သားပြင်တွင် ညိုဝါရောင်စွဲဝင်နေပါက ခွမ့်သား(အသားနီဝါ)အသားကျောက်ဟုခေါ်ပါသည်။
ဆရာဦးဥာဏ်သင်း ၏ မြန်မာ့ကျောက်စိမ်း စာအုပ်မှ ကူးယူဖော်ပြသည်။