ထင်မှတ်မထားသော မြင်ကွင်းသည် နေပူမှလာသော
ကျွန်တော်ကို ရင်ဘတ်ထဲမှ ကလီစာများ ဆတ်ခနဲ
ဆွဲထုတ်ယူလိုက်သလို ခံစားရ၏။
ထနောင်းပင်ဆိုတာ သဘာဝကပေးတဲ့ လက်ဆောင်ပဲ
နွေထနောင်း ဆောင်းမန်ကျည်းလို့ ဆိုကြပါတယ်။
လယ်ယာလုပ်ငန်းခွင်မှာ နားခိုဖို့
ကျောင်းကန်ဘုရားသွား ဥပုသ်သီတင်းဆောက်တည်ဖို့
ဒီထနောင်းရိပ်တွေကိုပဲ အားကိုးနေရရှာတယ်။
ကျွန်တော်တို့ဒေသဟာ အင်မတန် မိုးခေါင်ပူပြင်းတဲ့ဒေသပါ
ဒီမှာ အဓိကပေါက်ရောက်နေတာဆိုလို့
ထနောင်းပင်ပဲရှိပါတယ်။
ထနောင်းပင်တွေနဲ့ အတော်စိမ်းလန်း စိုပြည်ပါတယ်။
ဪ~~ပူပြင်းတဲ့ဒဏ်ရယ် ထနှောင်းရိပ်ကိုခိုပါကွယ်လို့
မဆီမဆိုင် ပြောနေတယ်လို့ မထင်ပါနဲ့ မစပ်မိစပ်မိအောင်စာကိုဖတ်ပေးလိုက်ပါ... ...ဖြစ်စေချင်တာကတော့ ကျွန်တော်က ထနှောင်းရိပ်လိုလူသားပေါ့ အရိပ်တွေအေးမြမူ့တွေ
ကိုသာပေးစေချင်သူပါ။
Writer by