ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပမယ့် Mordovia Arena အားကစားကွင်း
Mordovia Arena အားကစားကွင်းဟာ ၂၀၁၈ခုနှစ် ဇွန်လမှာ ပြုလုပ်မယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပတွေဲလက်ခံကျင်းပပေးမယ့် အာကစားကွင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ဒီအားကစားကွင်းကို ရုရှားနိုင်ငံ၊Mordovia ဒေသ၊ Saransk မြို့မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။FC Mordovia Saransk ကလပ်အသင်းရဲ့ ယခုလက်ရှိအိမ်ကွင်းလည်းဖြစ်ပါတယ်။
ဒီအားကစားကွင်းကို ၂၀၁၀ ကနေ ၂၀၁၈ ခုနှစ်အထိ အချိန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး ကွင်းအတွင်း မြက်ခင်းတွေ အသုံးပြုထားပါတယ်။ဆောကလုပ်မှုကုန်ကျစရိတ် US$ သန်း ၃၀၀ ခန့် ကုန်ကျခဲ့ပြီး လူဦးရေ ၄၄,၀၀၀ ကျော် ၀င်ဆံ့ပါတယ်။
ဒီအားကစားကွင်းဟာ Saransk မြို့ရဲ့ မြို့လယ်ခေါင်မှာတည်ရှိပြီး Insar မြစ်အနီးမှာ တည်ရှိပါတယ်။ ၂၁ ရာစုရဲ့ ဆန်းသစ်တဲ့ပုံစံဒီဇိုင်းတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ရိုးရာဝါးကိုလည်း အနည်းငယ်အသုံးပြုတည်ဆောက်ထားပါတယ်။
ဒီအားကစားကွင်းတည်ရှိရာဝင်းအတွင်းမှာ ၀ါးနဲ့တည်ဆောက်ထားတဲ့ အိမ်ရာတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအားကစားကွင်းကို ဂျာမန်ဗိသုကာပညာရှင်တွေက ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး basement ၂ ထပ်နဲ့ အလွှာ ၅ လွှာပါဝင်ပါတယ်။ ဒီအားကစားကွင်းမှာ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် ၄ ပွဲကို လက်ခံကျင်းပသွားမှာဖြစ်ပြီး ပထမဆုံးစတင်ကျင်းပမယ့် ပွဲစဉ်ကတော့ အုပ်စု (C) ရဲ့ ပီရူးနဲ့ ဒိန်းမတ်ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲစဉ်ကို ဇွန်လ ၁၆ ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။
images credit to source.